Aung Phyoe > Aung's Quotes

Showing 1-28 of 28
sort by

  • #1
    Rabindranath Tagore
    “My dearest life, I know you are not mine forever; but do love me even if it’s for this moment. After that I shall vanish into the forest where you cast me, I won’t ask anyone for anything again. Give me something that can last me till I die.”
    Rabindranath Tagore, Chokher Bali

  • #2
    ကြည်အေး
    “စင်စစ်တော့လည်း တစ်ဦး၏အတွင်းစိတ်ကို တစ်ဦးသိနိုင်အောင်သာ လူခပ်သိမ်းတို့အား ဘယ်လူမျိုး၏ ဘုရားဖြစ်ဖြစ် တစ်ဆူသောဘုရားက ဖန်တီးခဲ့မည်ဆိုလျှင် ဒီကမ္ဘာကြီး၏ အရှုပ်အထွေးများမှာ အနည်းနှင့်အများတော့ ပြေလည်စရာအကြောင်း ရှိပေဦးမည်။”
    Kyi Aye, ကျွန်မပညာသည်

  • #3
    ကြည်အေး
    “စိတ်သက်သာမှုအတွက် အဓိပ္ပါယ်မရှိသော မိုက်သည်၊ လိမ္မာသည်၊ ရှက်သည်ဆိုတာတွေ နောက်ကိုလိုက်တော့မည်။ အဓိပ္ပါယ်မရှိ၊ အဘယ်ကြောင့်ဆိုလျှင် အမိုက်နှင့်အလိမ္မာသည် ပြောင်းလဲနေသော အချိန်ကာလများက တစ်မျိုးပြီးတစ်မျိုး အမည်တပ်ထားသော လူတို့၏ ရမ်းဆချက်များသာ ဖြစ်တော့သည်။”
    Kyi Aye, ကျွန်မပညာသည်

  • #4
    ကြည်အေး
    “ကျော်ကြားတာကို ဂရုမစိုက်ဘူးဆိုတာ ကျော်ကြားပြီးတဲ့ လူတွေ ၊ ဒါမှမဟုတ် ဘယ်တော့မှ ကျော်ကြားမှာမဟုတ်တဲ့လူတွေ အဲသည်လူတွေကသာပြောတယ်လို့ ကျွန်မထင်တယ် ။”
    Kyi Aye, ကျွန်မပညာသည်

  • #5
    ကြည်အေး
    “တွယ်ငြိချင်လျှင် နာကျင်တတ်သော ရုပ်ကို မရှာလေနှင့်။ အာရုံကို နားမလည်သည့် စိမ်းမြသောအကြောရှိသည့် သစ်ပင်ပန်းရွက်၌သာ နားခိုပါချေ။”
    ကြည်အေး, တမ်းတတတ်သည်
    tags: nature

  • #6
    ကြည်အေး
    “ချမ်းသာသုခ ဆိုသည့်နောက်ကို တကောက်ကောက်ပင် တစ်သက်လုံးလိုက်သော်လည်း ဖမ်းမမိခင် မြေ၌လျောင်းစက်ရလေ့ရှိကာ၊ မတော်တဆ ရရှိလျှင်တော့ တွေဝေမှိုင်းမြ၍ ခဏမျှ သတိလစ်လိုက်သော် အပ်ပျောက်မြေကျ ရှာမရဖြစ်ရတတ်သည်။”
    ကြည်အေး, တမ်းတတတ်သည်

  • #7
    ကြည်အေး
    “ကျွန်တော်ကတော့ ရိုးဖြောင့်ချင်သူမျှသာ ဖြစ်ပါတယ်။ ကျွန်တော် နှစ်သက် သဘောကျသလိုသာ သူများကို မထိပါးစေဘဲ နေချင်ပါတယ်။”
    Kyi Aye, အပြင်ကလူ

  • #8
    ကြည်အေး
    “ဆင်ဆိုသည်မှာ ဘာနှင့်တူပါသလဲဆိုသည်ကို ဖြေဖို့ စုံစမ်းကြသော မျက်မမြင်ပုဏ္ဏားခြောက်ယောက်လိုပင် လူတိုင်းသည် ကိုယ့်အသိဉာဏ်၊ ပညာအရည်အချင်းနှင့် ဘဝအတွေ့အကြုံကို အားကိုးပြုပြီး မေးခွန်းများစွာရဲ့ အဖြေကိုရှာကြရသည်။”
    Kyi Aye, အပြင်ကလူ

  • #9
    ကြည်အေး
    “လောက၌ အိပ်မက် မက်တတ်သူသာ မက်ရသည်ပဲ။ ဒါဟာ နန္ဒာရဲ့ အမှားတော့ ဖြစ်သည်။ သို့သော် နန္ဒာမပြုလုပ်ခဲ့ရသော မွေးကတည်းက ပါသော အမှားဖြစ်သည်။ ထိုအမှားကြောင့် စိတ်သိမ်မွေ့ရသည်။ အထီးတည်းနိုင်ရသည်။ သူတကာနှင့် ရောလို့ မရသည်။ တယောက်တည်း ဖဲခွာထွက်လာတတ်စေသည်။ ဝေဒနာခံစားရာ၌ ပြင်းပြစေသည်။ လောက၍ အကောင်းဆုံးချည်း၊ အလှကိုချည်းမြင်စေ၊ မျှော်မှန်းစေပြီး အကောင်းနှင့်အလှဆိုတာချည်း ဖြစ်နိုင်သည်ဟု ယုံမှားစေသေး၏။ စိက်ကူးယဉ်စေ၏။ စိတ်ဒဏ်ရာ ရလွယ်စေ၏။ မေ့ပျောက်ခဲစေ၏။”
    Kyi Aye, မောင်၊ ကိုကိုနှင့် မြနန္ဒာ

  • #10
    ကြည်အေး
    “အနုပညာသမားပေါ့.. စိတ်ကိုသိမ်မွေ့ ယဉ်ကျေးစေရုံမက အထီးတည်းနိုင်စေသော၊ သူတကာနှင့် မရောနိုင်စေသော၊ တစ်ယောက်ထည်း ဖယ်ခွာထွက်လာစေသော ထိုအရာသည် ဝေဒနာခံစားရာ၌ ပြင်းပြစေဦးမည်။ အကောင်းကိုချည်း အလှကိုချည်း မျှော်မှန်းစေဦးမည်။ ခွင့်လွှတ်ခက်ခဲသော သဘောထားစေမည်။ စိတ်ကူးယဉ်တတ်စေဦးမည်။”
    Kyi Aye, မောင်၊ ကိုကိုနှင့် မြနန္ဒာ

  • #11
    ကြည်အေး
    “ဒါပေမယ့် လင်းကလည်းမပြောဘူး။ သူ့မှာပြောစရာရှိသေးတယ်ဆိုတာ နန္ဒာသိပါတယ်။ သူကတော့မပြောဘူး ။ နန္ဒာကလည်းမမေးဘူး။ မာနမဟုတ်ပါဘူး။ မပြောချင်တာကို မမေးသင့်ဘူးထင်လို့ပါ။ မရေရာတာကိုလည်း မစုံမက်လို့ပါ။”
    Kyi Aye, မောင်၊ ကိုကိုနှင့် မြနန္ဒာ

  • #12
    ကြည်အေး
    “ရာဇဝင်အဆက်ဆက်မှာ လူမျိုးအချင်းချင်းပေါင်းပြီး လူမျိုးသစ်ဖြစ်လာတာ၊ လူမျိုးတစ်မျိုးက တစ်မျိုးကို မျိုသွားတာတွေ ရှိသားပဲ။ တရုတ်ခေါ်ခေါ်၊ အင်္ဂလိပ်ခေါ်ခေါ် လူတွေလည်း လူလူချင်း ရောနှောသွားတာပဲ၊ အထွေးတော့ ဘာမှ ကန့်ကွက်စရာမရှိပါဘူး၊ ဗမာမှ ယူမယ် စိတ်မကူးပါဘူး။ တကယ်တော့ ဂျာမန်ကောင်းကင်မှာ ဂျူးလူမျိုးတွေ ပြာကျတဲ့ အငွေ့နဲ့ မှောင်မည်းသွားတဲ့ အဖြစ်မျိုးသာ ကြောက်စရာ ရွံ့စရာပါ။”
    Kyi Aye, ကေဖွဲ့ဆိုသီ

  • #13
    ကြည်အေး
    “ဘဝမှာ မိဘရယ် ၊ သားသမီးရယ် ၊ ညီအစ်ကိုမောင်နှမရယ် ၊ နောက်ဆုံးလင်မယားဆိုတာတောင် မတော်တဆ ကြုံတွေ့ကြတာမို့ တစ်ယောက်နဲ့တစ်ယောက် မတန်တဆ မမျှော်မှန်းထိုက်ဘူး ၊ မလိုချင် မတောင်းခံထိုက်ဘူး ။ ပေးသမျှ ကိုသာ ကျေးဇူးတတင် ယူထိုက်တယ်။”
    Kyi Aye, ကေဖွဲ့ဆိုသီ

  • #14
    ကြည်အေး
    “စီးကရက်လုပ်သူများကို ကျေးဇူးတင်မိ၏ ။ စိတ်လေလွင့်ချိန်၌ လုပ်စရာအလုပ်တစ်ခုလည်းရ၏ ။ မိုက်မိုက်မဲမဲ အလိပ် ၅၀ ဝင်ဘူးလည်း တစ်ခါတည်း ဆက်တိုက်သောက်ကာ အော့အန်မူးဝေပြီးလည်း ခေါင်းကိုက်နိုင်၏ ။ အရက်လို မိန်းမလိုတော့ ဆိုးဝါးညစ်ညမ်းသည် မဟုတ်လို့ အန္တရယ်ဖြစ်စရာရှိ၍ ဖြစ်ရလျှင်လည်း အဆုပ်ရောဂါနှင့် ကင်ဆာသာဖြစ်နိုင်သည်မို့ သန့်ရှင်း၍ ဣန္ဒြေရသော လူမမာဖြစ်နိုင်ပေသေး၏ ။”
    Kyi Aye, ဖုန်းသက်တိုင်

  • #15
    ကြည်အေး
    “ချစ်ခြင်းမေတ္တာဆိုသည်မှာ အကျိုးနပ်သည်ဖြစ်စေ မနပ်သည်ဖြစ်စေ၊ လူ့ဘဝကိုတော့ အဓိပ္ပာယ်ရှိစေသည်။”
    Kyi Aye, ဖုန်းသက်တိုင်

  • #16
    ကြည်အေး
    “ချစ်တယ်ဆိုတာ တဖြည်းဖြည်း တွယ်တာလာတာကို ခေါ်တာ မဟုတ်ဘူး။ စတွေ့လို့ မျက်လုံးချင်း ဆုံလိုက်တည်းက နှလုံးမှာ ထိခိုက်တဲ့ ကိုယ့်ဘာသာ ကောင်းကောင်းသိတဲ့ ဒဏ်ရာတစ်ချက်ပဲ။”
    Kyi Aye, ဖုန်းသက်တိုင်

  • #17
    ကြည်အေး
    “မိန်းမဟူသည်ချောမောလှပမှ သို့မဟုတ် ပညာဉာဏ်ကြီးမားမှ သို့မဟုတ် ဖွဲမျှသာတည်း။”
    Kyi Aye, မောင်၊ ကိုကိုနှင့် မြနန္ဒာ

  • #18
    ကြည်အေး
    “မြနန္ဒာ၏ ပုံတူများ ဆွဲပြီးလျှင် အိပ်ရာခေါင်းရင်း၌ စီတန်းချိတ်ဆွဲနိုင်မည်။ သာမန်လူအပေါင်းတို့ စော်ကားခြင်းမှ ကင်းလွတ်ရန် ဖဲလိုက်ကာဖြူဖြင့်တော့ ဖုံးအုပ်ထားမည်။ တစ်ကိုယ်ကောင်းဆန်လို၍တော့ မဟုတ်။”
    Kyi Aye, မောင်၊ ကိုကိုနှင့် မြနန္ဒာ

  • #19
    ကြည်အေး
    “ပြောရမှာနည်းနည်းတော့ခက်တယ်။ အချစ်စိတ်ဆိုတာ ရေငြိမ်မဟုတ်ဘူး။ ရေတက်ရေကျရှိတဲ့ ဒီမျှသာဖြစ်တယ်။ နုနုကိုချစ်တဲ့စိတ်ရှိဖူးတာကတော့ မပျောက်ပျက်နိုင်ဘူးပေါ့။ ဒါပေမယ့် အသစ်သစ် ဖြစ်လာတဲ့ အချစ်စိတ်က မရှိတော့ဘူး။ […] ခုဆိုရင် နုနုအကြောင်းစဉ်းစားရတာ သေသွားတဲ့လူအကြောင်း စဉ်းစားရသလိုပါပဲ။ အတိတ်သာရှိတော့တယ်။ ပစ္စုပ္ပန်နဲ့ အနာဂတ်မရှိတော့ဘူး။ ကျွန်တော့်အဖို့ နုနုဟာ တောလည်သွားတုန်းက တွေ့ကြုံခဲ့ရတဲ့ စမ်းရေအိုင်လေးပါပဲ။ ခုအဲသည်ကို ပြန်မရောက်တော့ပါဘူး။”
    ကြည်အေး, အပြင်ကလူ

  • #20
    ကြည်အေး
    “- အတ္တမရှိဘဲ ချစ်ရမယ်ဆိုတာကတော့ မုသာဝါဒ ပေါ့ရှင်
    - မုသာဝါဒပေါ့။ အဲဒီလိုပြောတာဟာလည်း အတ္တများလွန်းလို့သာဖြစ်ရမယ်။ အတ္တမရှိဘဲ လူဟာအသက်မရှင်နိုင်ပါဘူး။ အတ္တကို ချစ်ပဲချစ်ရမယ်ဗျ။ သနားတော့ မသနားနဲ့ဆိုတဲ့ စကားတောင်ရှိတယ်။ တစ်ခုတော့ရှိတယ်။ ကိုယ့်ကိုယ်ကိုချစ်တာနဲ့ ကိုယ်နဲ့အနီးစပ်ဆုံး လူကိုချစ်တာနှစ်ခုက ပြေပြစ်ဆီလျော်နေဖို့ကောင်းတယ်။ ရန်ဆင်မနေစေရဘူး”
    ကြည်အေး, အပြင်ကလူ

  • #21
    Roberto Bolaño
    “Probably all of us, writers and readers alike, set out into exile, or at least into a certain kind of exile, when we leave childhood behind...The immigrant, the nomad, the traveler, the sleepwalker all exist, but not the exile, since every writer becomes an exile simply by venturing into literature, and every reader becomes an exile simply by opening a book.”
    Roberto Bolaño, Between Parentheses: Essays, Articles, and Speeches, 1998-2003

  • #22
    Khine Soe Lung
    “ပုံပြင်ဆန်ဆန် ဖြစ်တည်လိုခဲ့သော အတိတ်ကို တခါတရံ အခွင့်ကြုံစဉ်သာ တခုတ်တရ တရလေသည်။ မခံမရပ်နိုင်ဖြစ်စေသော အကြောင်းအရာများ၊ ပန်းချိအောင် ဖြတ်ကျော်ရသော အခက်ခဲများ ကြုံပြန်ကလည်း သူနှင့်ဆိုလျှင် ထိုသို့ဖြစ်မည် မဟုတ်ဟု အထင်ရောက်၏။ တစ်ဖန် ရင်ဆိုင်ဖို့ရှိရင်တော့ ဘယ်သူနဲ့မဆို ဖြတ်သန်းရမှာပါပဲဟု တွေးပြီး စိတ်ဖြေပြန်သော် ဘဝကိုပါ ရွံ့ကြောက်လာသည်။ မမြင်နိုင်သော အနာဂတ်သည် အစအဆုံး ရေးထားပြီးသော ဝတ္ထုများလိုပင် နေသားတကျ စီစဉ်ထားပြီးသားလားဟု တွေးကာ ချက်ချင်းပင် အရှုံးပေးလိုက်လိုစိတ်၊ ကျောခိုင်းလိုက်လိုစိတ် ပေါ်တတ်သည်။”
    Khine Soe Lung, လက်အရိုးပါ၍ရေးသောစာများ

  • #23
    Khine Soe Lung
    “လိမ္မော်ရောင် တိမ်စိုင်တို့နှင့် ထွက်ခွာလုလု ရောင်နီကို တားဆီးလိုက်ချင်လှသည်။ ခြောက်နာရီမထိုးမီ အချိန်လေးကို သက်တမ်းရှည်စေလိုသည်။”
    Khine Soe Lung, လက်အရိုးပါ၍ရေးသောစာများ

  • #24
    ခင်ခင်ထူး
    “ပိုရင် အမှိုက် ဖြစ်သတဲ့။ မှန်လိုက်တာ။ လူ့ဘဝမှာ တော့ကော ဘာထူးလို့တုံး။ လူရယ်လို့ဖြစ်ပါပြီဆိုကတည်းက ရှိခဲ့ရသည့် သံယောဇဉ်တွေ၊ တွယ်တာမှုတွေ၊ အစွဲအလမ်း တွေ၊ တပ်မက်မှုတွေ။ သိမ်းလိုက်ရသာ၊ ပိုက်ပွေ့လိုက်ရသာ၊ အထုပ်လို ထမ်းလိုက်ရသာ ဘယ်နည်းလို့တုံး။ ပိုသမျှ မစွန့် နိုင်၊ မပစ်နိုင်၊ မနိုင်ဝန်ဖြစ်ကာမှ ဖြစ်ကရော။ ရွတ်ထားလိုက် ရတဲ့အပူ၊ ပိုးထားလိုက်ရတဲ့သောက၊ ထမ်းထားလိုက်ရတဲ့ ဗျာပါရတွေ။ လေးသည်ထက်သာ လေးတော့သည်။ ဇက်ကျိုးအောင် ရွက်ထားရတာကိုပဲ လေးသည်မထင်ခဲ့။ ဘဝအကြောင်း ကံနှင့် ကံကြမ္မာက ဆွဲဆွဲချတော့မှ လျော့တန်သလောက် လျော့ ရပါ၏။ ဒါတောင် ပိုးတက် လာသည့် ဘဝ ဝန်ထုပ် တွေက ဆင့်ကာ ဆင့်ကာ တိုးချင် နေသေးသည်။ ပိုသမျှ အမှိုက်ဖြစ်ရသာ အမှန်ပါပဲလား။”
    ခင်ခင်ထူး, မအိမ်ကံ

  • #25
    “အချိန်သည် ကျွန်တော်တို့၏ နုပျိုမှုတွေကို ကျကျနန တိုက်စားသွားခဲ့တာ သေချာသည်။ ရှေးဟောင်းနှောင်းဖြစ်တွေက နေရာတိုင်းမှာ ပြန့်ကြဲနေသော အပိုင်းအစတွေပဲဖြစ်မည်။ ဘယ်နေရာဆွဲဆွဲ သတိရခြင်းတွေနဲ့ စိုစွတ်နေသော လူ့ဘဝဖြစ်မည်။”
    အေးမင်းစော, ကျောက်သားနံရံ

  • #26
    John Steinbeck
    “I believe that there is one story in the world, and only one. . . . Humans are caught—in their lives, in their thoughts, in their hungers and ambitions, in their avarice and cruelty, and in their kindness and generosity too—in a net of good and evil. . . . There is no other story. A man, after he has brushed off the dust and chips of his life, will have left only the hard, clean questions: Was it good or was it evil? Have I done well—or ill?”
    John Steinbeck, East of Eden

  • #27
    Albert Camus
    “Without memories, without hope, they lived for the moment only. Indeed, the here and now had come to mean everything to them. For there is no denying that the plague had gradually killed off in all of us the faculty not of love only but even of friendship. Naturally enough, since love asks something of the future, and nothing was left us but a series of present moments.”
    Albert Camus, The Plague

  • #28
    Haruki Murakami
    “There are some things about myself I can’t explain to anyone. There are some things I don’t understand at all. I can’t tell what I think about things or what I’m after. I don’t know what my strengths are or what I’m supposed to do about them. But if I start thinking about these things in too much detail the whole thing gets scary. And if I get scared I can only think about myself. I become really self-centered, and without meaning to, I hurt people. So I’m not such a wonderful human being.”
    Haruki Murakami, The Elephant Vanishes



Rss