အပြင်ကလူ Quotes
အပြင်ကလူ
by
ကြည်အေး76 ratings, 4.01 average rating, 6 reviews
အပြင်ကလူ Quotes
Showing 1-4 of 4
“ဆင်ဆိုသည်မှာ ဘာနှင့်တူပါသလဲဆိုသည်ကို ဖြေဖို့ စုံစမ်းကြသော မျက်မမြင်ပုဏ္ဏားခြောက်ယောက်လိုပင် လူတိုင်းသည် ကိုယ့်အသိဉာဏ်၊ ပညာအရည်အချင်းနှင့် ဘဝအတွေ့အကြုံကို အားကိုးပြုပြီး မေးခွန်းများစွာရဲ့ အဖြေကိုရှာကြရသည်။”
― အပြင်ကလူ
― အပြင်ကလူ
“- အတ္တမရှိဘဲ ချစ်ရမယ်ဆိုတာကတော့ မုသာဝါဒ ပေါ့ရှင်
- မုသာဝါဒပေါ့။ အဲဒီလိုပြောတာဟာလည်း အတ္တများလွန်းလို့သာဖြစ်ရမယ်။ အတ္တမရှိဘဲ လူဟာအသက်မရှင်နိုင်ပါဘူး။ အတ္တကို ချစ်ပဲချစ်ရမယ်ဗျ။ သနားတော့ မသနားနဲ့ဆိုတဲ့ စကားတောင်ရှိတယ်။ တစ်ခုတော့ရှိတယ်။ ကိုယ့်ကိုယ်ကိုချစ်တာနဲ့ ကိုယ်နဲ့အနီးစပ်ဆုံး လူကိုချစ်တာနှစ်ခုက ပြေပြစ်ဆီလျော်နေဖို့ကောင်းတယ်။ ရန်ဆင်မနေစေရဘူး”

“ပြောရမှာနည်းနည်းတော့ခက်တယ်။ အချစ်စိတ်ဆိုတာ ရေငြိမ်မဟုတ်ဘူး။ ရေတက်ရေကျရှိတဲ့ ဒီမျှသာဖြစ်တယ်။ နုနုကိုချစ်တဲ့စိတ်ရှိဖူးတာကတော့ မပျောက်ပျက်နိုင်ဘူးပေါ့။ ဒါပေမယ့် အသစ်သစ် ဖြစ်လာတဲ့ အချစ်စိတ်က မရှိတော့ဘူး။ […] ခုဆိုရင် နုနုအကြောင်းစဉ်းစားရတာ သေသွားတဲ့လူအကြောင်း စဉ်းစားရသလိုပါပဲ။ အတိတ်သာရှိတော့တယ်။ ပစ္စုပ္ပန်နဲ့ အနာဂတ်မရှိတော့ဘူး။ ကျွန်တော့်အဖို့ နုနုဟာ တောလည်သွားတုန်းက တွေ့ကြုံခဲ့ရတဲ့ စမ်းရေအိုင်လေးပါပဲ။ ခုအဲသည်ကို ပြန်မရောက်တော့ပါဘူး။”
― အပြင်ကလူ
― အပြင်ကလူ