လူတွေ၊ လမ်းတွေ၊ အလုပ်အကိုင်တွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေ Quotes

Rate this book
Clear rating
လူတွေ၊ လမ်းတွေ၊ အလုပ်အကိုင်တွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေ လူတွေ၊ လမ်းတွေ၊ အလုပ်အကိုင်တွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေ by ချစ်မင်းဝေ (Chucky)
15 ratings, 4.13 average rating, 2 reviews
လူတွေ၊ လမ်းတွေ၊ အလုပ်အကိုင်တွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေ Quotes Showing 1-4 of 4
“လူတွေဟာ ဘယ်လောက်ပဲ သူများနဲ့ ကွဲပြားနေပါတယ်ပြောပြော သူတို့ပတ်ဝန်းကျင်ကလူတွေ သူတို့ကို ဂရုမစိုက်တော့မှာကို အနည်းနဲ့အများဆိုသလို ကြောက်တတ်ကြပါတယ်။ အဲဒီလိူအကြောက်တရားမျိုး ပျောက်ပျက်သွားဖို့ကကျ ကိုယ့်မှာအထီးကျန်ခဲ့ရတဲ့အဖြစ်တွေ နင့်နင့်သီးသီး ရှိနေခဲ့ဖူးမှ ဖြစ်မှာ။ နာကျင်မှုကို အတတ်နိုင်ဆုံးလုံခြုံနေအောင် သိမ်းဆည်းထုပ်ပိုးထားပြီး ပျော်ရွှင်တဲ့ အစိတ်အပိုင်းတွေကိုပဲ အားလုံးမြင်အောင် ခင်းကျင်းပြသနိုင်မှဖြစ်မှာ။”
ချစ်မင်းဝေ (Chucky), လူတွေ၊ လမ်းတွေ၊ အလုပ်အကိုင်တွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေ
“ကိုယ့်မှာ ရွေးချယ်စရာ နှစ်ခုပဲရှိတော့တယ်။ ကိုယ်ဟာအရှုံးတွေထဲမှာပဲ ရပ်နေမလား၊ ဒါမှမဟုတ် ဘာမှမရှိတဲ့နေရာကနေ ကိုယ်ပြန်စရမလား ဆိုတာပေါ့။ ကိုယ်ဟာ ပြန်စဖို့ကို ရွေးချယ်လိုက်ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက် လုပ်နိုင်မယ့်အရာတွေတော့ များများစားစား မရှိတော့ဘူး။ ကိုယ့်အမှားတွေထဲကနေ ကိုယ်ပြန်ပြီးအမြတ်ထုတ်ဖို့ သင်ယူဖို့အတွက်ပေါ့။”
ချစ်မင်းဝေ (Chucky), လူတွေ၊ လမ်းတွေ၊ အလုပ်အကိုင်တွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေ
“ကိုယ့်အတ္တနဲ့ကိုယ် တစ်ကိုယ်ကောင်းဆန်ပစ်လိုက်ရတဲ့ သူစိမ်းတစ်ယောက်ရဲ့ နေထိုင်မှုပုံဆံလိုမျိုးပေါ့။ အဝေးဆုံးကို ထွက်သွားခွင့်မရှိတဲ့ သူတစ်ယောက်မို့ အားလုံးရဲ့ အနီးနားမှာပဲ ကိုယ်ဟာ ပျောက်ကွယ်သွားအောင် တိတ်ဆိတ်နေခဲ့လိုက်တာ။”
ချစ်မင်းဝေ (Chucky), လူတွေ၊ လမ်းတွေ၊ အလုပ်အကိုင်တွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေ
“ကိုယ့်မှဦ ရွေးချယ်စရာ နှစ်ခုပဲရှိတော့တယ်။ ကိုယ်ဟာအရှုံးတွေထဲမှာပဲ ရပ်နေမလား၊ ဒါမှမဟုတ် ဘာမှမရှိတဲ့နေရာကနေ ကိုယ်ပြန်စရမလား ဆိုတာပေါ့။ ကိုယ်ဟာ ပြန်စဖို့ကို ရွေးချယ်လိုက်ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက် လုပ်နိုင်မယ့်အရာတွေတော့ များများစားစား မရှိတော့ဘူး။ ကိုယ့်အမှားတွေထဲကနေ ကိုယ်ပြန်ပြီးအမြတ်ထုတ်ဖို့ သင်ယူဖို့အတွက်ပေါ့။”
ချစ်မင်းဝေ (Chucky), လူတွေ၊ လမ်းတွေ၊ အလုပ်အကိုင်တွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေ