Jump to ratings and reviews
Rate this book

မေ

Rate this book
"မေ ဝတ္တုကား စာပေလောကတွင်သာမက နိုင်ငံရေးလောကတွင်ပါ ဂယက်ထစေခဲ့သော ဝတ္တုဖြစ်သည်။ နှစ်သက်သူ ချီးမွမ်းသူ ပုတ်ခတ်သူ စသဖြင့် အငြင်းပွားစရာ ငြင်းခုံဆွေးနွေးစရာ ဝတ္တုဖြစ်နေသည်။ မြန်မာစာပေသမိုင်းတွင် အလွန်ထူးခြားသော ဝတ္တုဖြစ်သည်မှာတော့ ငြင်းမရ" - မောင်သာမည

"မေသည် ထိုခေတ် ထိုအခါက လူ့အဖွဲ့အစည်း လူ့ပတ်ဝန်းကျင်တစ်ခု၏ ရိုက်ပုတ်မှုဒဏ်ကို အကြီးအကျယ်ခံခဲ့ရသော သားကောင်တစ်ဦးသာဖြစ်သည်။ ထို့ကြောင့် စာရေးဆရာက ကရုဏာသက်ကာ သူ့ဘက်က နေခဲ့သည် ဖြစ်မည်။" - နဂါးနီစာအုပ်တိုက်၏ အမှာ

ခေတ်ဆန် ပညာတတ် ချစ်ဖွယ် ကောလိပ်ကျောင်းသူလေး မေ

စိတ်ရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်မိရာက ရမ္မက်မိုက်မှားပြီး အသစ်ကပြန်စဖို့ ဆုံးဖြတ်ခဲ့ပေမယ့် သူ စက်ဆုပ်သော ဘဝဆိုးထဲက ရုန်းမထွက်နိုင်ဖြစ်ရတဲ့ သနားစရာ မေ

Paperback

First published January 1, 1941

4 people are currently reading
73 people want to read

About the author

ဒဂုန်တာရာ

27 books7 followers
ဒဂုန်တာရာကို မွေးသက္ကရာဇ် ၁ဝ၊ ၅၊ ၁၉၁၉ အမည်ရင်း ဦးဌေးမြိုင် မိဘအမည် ဦးဘအုန်း + ဒေါ်ဖွားရှင် မွေးဖွား ဒေသ ထိုင်ကူ မြစ်တန်းရွာ (မွန်ရွာ)၌ မွေးဖွားသည်။ ငယ်စဉ်က ပန်းချီ ဂီတ ကဗျာလင်္ကာ တို့၌ ဝါသနာပါသည်။ ၁၄နှစ်သားအရွယ်က ရတု လူးတား ဧချင်း တေးထပ် စသော ရှေးရေးကဗျာများကို ဒဂုန်မဂ္ဂဇင်း၌ စတင် ရေးသားသည်။ ဒဂုန်တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာ မြန်မာစာသင်ကျောင်းတွင် ပညာသင်ကြားသည်။ ထို့နောက် ကျိုက်လတ် အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ်ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာဆက်လက်သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းအောင်သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက် ပညာသင်ကြားခဲ့သည်။

ဒဂုန်တာရာသည် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ရေနံမြေ စည်းရုံးရေးကိုယ်စားလှယ်၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာ နိုင်ငံ စာရေး ဆရာအသင်း ဥက္ကဋ္ဌ တာဝန် များကို ဆောင်ရွက် ခဲ့သည်။ စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဌာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဗိုလ်မှူးဖိုးကွန်း၊ကိုဗဟိန်း၊ ဦးဗဆွေ၊ မြို့မ-ဦးသန်းကြွယ် ( ပင်လုံစာချုပ်) တို့နှင့် ရင်းနှီးသည်။ ထို့အပြင် ဆရာကြီး ဒဂုန် တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာ ဆရာ သမဂ္ဂ ဥက္ကဋ္ဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်

ဆရာကြီးသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသား ခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည် ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ လတွင် တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသည်။ ထို့အပြင် စာပေသစ် မဂ္ဂဇင်း ကိုလည်း စတင် ထုတ်ဝေပြီး ယင်း မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ တချိန်တည်းတွင် ဂန္ထဝင် ဂျာနယ် အယ်ဒီတာ အလုပ် ကိုလည်း လုပ်ကိုင်သည်။

၁၉၇၄ ခုနှစ် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင် အမည် အမျိုးမျိုးဖြင့် စာပေ၊ ကဗျာ၊ ပန်းချီ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာနှင့် စာပေဝေဖန်ရေး၊ လူကိုလေ့လာခြင်း၊ အကဲခတ်စာတမ်းများလည်း ရေးခဲ့သည်။ စပယ်ဦးဖြင့် စာပေဗိမာန် ဝတ္ထုတို ပေါင်းချုပ် ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ် အတွက် ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆု ကိုလည်း ရရှိခဲ့သည်။

စာရေးဆရာ-ကဗျာဆရာကြီး ဒဂုန်တာရာ သည် ကလောမြို့တွင် အေးချမ်းစွာ နေထိုင်ရင်း စာပေများကို ရေးသား ပြုစုခဲ့သည်။ ရန်သူမရှိ မိတ်ဆွေသာရှိ အယူအဆဖြင့် လွတ်လပ်သော အတွေးအခေါ် ကိုင်စွဲသူ မြန်မာ စာပေလောကမှာ ကဗျာခေတ်တခုကို ထူထောင်နိုင်ခဲ့သူ စာရေးဆရာကြီး ဒဂုန်တာရာသည် (၁၉-၈-၂ဝ၁၃ ခုနှစ်) တနင်္လာနေ့ နေ့လယ်တွင် အောင်ပန်းမြို့ နေအိမ်တွင် လူကြီးရောဂါနှင့် ကွယ်လွန် သွားပြီဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ (a personal letter of sympathy condolence ) နှင့် နာရေးကူညီငွေ ၂ဝဝဝဝဝ ကျပ် ပေးပို့လှူဒါန်းခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည်လည်း လွမ်းသူ့ပန်းခြင်း ( sympathy condolence basket) ပေးပို့ခဲ့သည်။ ရှမ်းပြည်နယ် ဝန်ကြီးချုပ် က နာရေးကူညီငွေ ၁ဝဝဝဝဝ ကျပ် ပေးပို့လှူဒါန်းခဲ့သည်။ ဆရာကြီး သည် မြန်မာ ကဗျာလောကမှာ ခေတ်တခေတ်ကို ထူထောင်နိုင်ခဲ့သလို နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်တဲ့နည်းဆိုပြီး ငြိမ်းချမ်းရေး လမ်းစဉ် ကိုင်စွဲသူအဖြစ် စာပေ လောကမှာရော နိုင်ငံရေး လောကမှာပါ ဩဇာကြီးမားတဲ့ အကန်တော့ခံ ပညာရှင်ကြီးလည်းဖြစ်ပါသည်။

Source: https://my.wikipedia.org/wiki/ဒဂုန်တာရာ

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
14 (22%)
4 stars
28 (44%)
3 stars
16 (25%)
2 stars
2 (3%)
1 star
3 (4%)
Displaying 1 - 11 of 11 reviews
Profile Image for Yamin.
112 reviews18 followers
June 5, 2020
May is selfish.
May enjoys pleasures of the flesh.
May loves money.
May has a mind of her own.
There isn't many lines May wouldn't cross.
May isn't bound by the rules.
Some may hate her because she is free.
At the end of the day, May lived her life, owning her joys, lies, memories and sorrows.
May is one of the least boring characters I have read in Myanmar books.

This is said to be a referenced work of "Self" by Beverley Nicholas rather than its translated work.
Considering it was first published in 1941, it must have been a very controversial book at that time.
I love that the writer doesn't judge that May was right or wrong. He just enabled her to tell her story.
Profile Image for Hope.
28 reviews3 followers
September 30, 2018
Since it was first published in 1941, there are 8 publications by 2016. In this 2016 (8th) edition, the book comes with the historical criticism in Burmese literary society, the writer’s struggles through the first publication and the summary of original book, Self.

This is one of the must-read classics for the Burmese literature. The plots were based on an English novel called “Self” by Beverley Nichols. But this is not a translational piece, rather Sayar Dagon Taryar has transformed it into a Burmese novel. The striking significance was his proses and poetic writings.

I believe, during those days in 1941 of conservative society, the plot and the words must have had a terribly hard time getting through the community. However, it was ironically a ground-breaking stunt towards revolution in Burmese literature. I couldn’t help but be in awe for the writer!
At the same time, to me, this is definitely a educational story for all the ladies out there to be careful where we choose to move in this materialistic world. For that reason, this novel is an absolute timeless classic.
Profile Image for Thinn.
158 reviews12 followers
May 14, 2024
‘မေ’ ကို ငယ်ငယ်တုန်းကလည်း ဖတ်ဖူးတယ်။ စိတ်ထဲမှာ စွဲကျန်မနေဘူးရယ်။ ‘မေ’ ကိုဖတ်တုန်းက ကိုယ်က ‘မီ’ရော၊ ‘သူမ’ရော၊ တခြားစာအုပ်တွေရော ဖတ်ဖူးပြီးသားဆိုတော့ ‘မေ’ ဟာ ကိုယ့်အတွက်အရမ်းထူးဆန်းတဲ့ ဇာတ်ကောင်ထဲမှာ ပါမနေတာလည်း ဖြစ်နိုင်ပါတယ်။

အခု ‘မေ’ ကို ပြန်ဖတ်တော့ ‘မေ’ ကို တော်တော်အမြင်ကပ်တယ်။ ကိုယ့်အတွက် မေဟာ အရမ်း calculated (တွက်ချက်) တဲ့ မိန်းမလို့ပဲ မြင်တယ်။ ‘မခင်စီ’ ကိုလည်း တကယ်က မနာလိုဘူး။ မခင်စီနားကပ်ရင် သူ့အကို ကိုကျော်မြင့်ကို ရနိုင်မယ်သိတော့ မခင်စီကို ကပ်တယ်။ မေက သူ့ကိုယ်သူအချစ်ဆုံးပါပဲ။ အဲ့တာကြောင့်မို့လို့ ဘယ်သူ့ကို ဘယ်လိုကပ်ရင် ဘာအကျိုးအမြတ်ရမယ်ဆိုတာ တချိန်လုံးတွေးတယ်။ မေအတွက်မှားတာက ဦးဘေမောင်နဲ့ ဦးဘညွန့်ပဲ။ ဒီလူကြီး ၂ ယောက်က သူ့ထက်ပိုလည်တယ်။ ဘသိန်းလည်း လည်တဲ့အထဲပါပါတယ်။ ကိုကျော်မြင့်ပဲ အ တာ။

မေ့မှာ အငုံ့စိတ်ရှိတယ်လို့လည်း ထင်မိတယ်။ အဲ့တာကြောင့် center of the attention ဖြစ်ချင်တယ်။ ဖြစ်ပြန်တော့လည်း သူ့ကို လူတွေက မကောင်းပြောတယ်ဆို တွေးပြန်ရော။ ပဲခူးမှာဆို မိန်းမတွေကတော့ သူ့ကို ‘ပျံတဲ့ကောင်မ’ လို့ ပြောပါတယ်၊ သူ့ကို မနာလိုကြပါဘူး ဆိုပြီး တစ်ယောက်ထဲတွေးတယ်။

သူ့ဘဝမှာ သူတကယ်ဘာကို လိုချင်မှန်းမသိတဲ့သူ။ ကိုကျော်မြင့်နဲ့နေရင် သူလိုချင်တဲ့ ပတ်ဝန်းကျင်၊ သူငတ်မွတ်တဲ့အချစ်ကို ရနိုင်ပေမဲ့ သူ့ကို ကာမရမ္မက်က အနိုင်ယူသွားပုံပဲ။

အဖိုးဒဂုန်တာရာကလည်း အဆန်းထွင်ပြီး မေ့ကို မျက်လုံးအပြာ ဖြစ်ခိုင်းတယ်။ ဝင်းဦးက သူ့ထက်ညွန့်ချင်လို့ သူ့ဇာတ်ကောင်ကို မျက်လုံးအစိမ်းဖြစ်ခိုင်းတာလား မသိဘူးလို့တောင် တွေးမိတယ်။ 😄

မေလမို့လို့ မေကို ဖတ်ဖြစ်သွားပါတယ်။ မေ က Beverly Nicholas ရဲ့ Self ကို မှီငြမ်းထားတဲ့ စာအုပ်။

“ပေါင်းစပ်၍မရသော ကာမရမ္မက်သဘောနှင့် ပညာဥာဏ်ကို ယှဉ်တွဲလိုသော ရည်ရွယ်ချက် မေ့တွင် ဘယ်တော့မှမရှိပေ။ သူသည် ကာမရမ္မက်ကြီးနေသောအခါ၌ အခြားလူသတ္တဝါတွေ ကာမရမ္မက်ကြီးကြသလို ကာမရမ္မက်ကြီးမည်ဖြစ်လေသည်။ ပညာနှင့်ကာမရမ္မက်မှာ တခြားစီဖြစ်သည်။ ကာမရမ္မက်တွင် အဆင့်အတန်း ခွဲခြားခြင်းမရှိ၊ ငယ်ငယ်နှင့်ကြီးကြီးဟူ၍သာခွဲခြားနိုင်သည်။ ပြီးတော့လည်း ပြီးသွားသော အရာမျိုးဖြစ်လေသည်။”

#မေ #ဒဂုန်တာရာ #MarvelousMay #May #BeverlyNichols #Self #readingwiththinn📚
Profile Image for Aozora.
30 reviews
August 27, 2018
A great book about a poor girl who wanted to be rich & tried to fit in rich environment and how her greed led to ... (just read it, you’ll see). 😅 Also, the author has poetic ways to express almost everything & unique words which became popular among young adults in 1941. Yes, it is 77 years old but words & those lines never grow old.
Profile Image for Charlotte.
9 reviews2 followers
July 20, 2021
မြန်မာစာပေမှာ ဒီလိုစာအုပ်မျိုး တစ်ခါမှမဖတ်ခဲ့ဖူးဘူး...
ဒီနေ့ခေတ်လူငယ်တစ်ယောက်အနေနဲ့တောင် ဖတ်ရင်းပါးစပ်အဟောင်းသားဖြစ်ရတယ်ဆိုတော့ အဲဒီခေတ်ကဆိုဘယ်လိုနေမလဲမတွေးရဲ...
3 reviews
January 29, 2023
အကောင်းကိုရှာ၏။ အကောင်းကား မရှိတော့ ဆိုသလို လူတစ်ယောက်ရဲ့ ဘ၀ကြီးက အဖက်ဆယ်လို့ မရတဲ့အထိ စုတ်ပြတ် နုံချာသွားတဲ့အခါ၊ ပျက်စီးသွားသော ဆက်ဆံရေးတွေကို ပြန်လည်ဖာထေးဖို့ မဖြစ်နိုင်တော့တဲ့အခါ ကိုယ့်လက်ရှိဘ၀ အမှန်ကိုပဲ သိမ်ငယ်မုန်းတီးစွာနဲ့ လက်ခံလိုက်ရကြောင်း သံဝေဂရမိပါတယ်။ဂုဏ်ပကာသနတွေ နောက် မျက်စိမှားမိသောအခါ လူအများစုသည် ရှိတာနဲ့ မတင်းတိမ်နိုင်၊ ပိုကောင်းဖို့၊ ပိုရှိဖို့၊ ပိုလှဖို့ စတဲ့ "ပို" ဆိုတဲ့ စကားလုံးတစ်လုံးကို အမြဲလိုလို ချိတ်ဆွဲရင်း ကိုယ့်တန်ဖိုးအတုအယောင် တွေကို ဖန်တီးနေကြောင်း ‌ခံစားမိသည်။

ဤ ၀တ္ထု ဖတ်ရင်း
မေ့ ကို မုန်းမိသည်။
မေ့ ကို သနားစိတ်၀င် မိသည်။
မေ့ ကို ရွံရှာမိသည်။
မေ့ ကို ၀မ်းနည်းမိသည်။
မေ့ ကို မှင်သက်မိသည်။

စာဖတ်သူက ဤကဲ့သို့ ခံစားမှုအနုပညာလှိုင်းတွေကြားထဲ ရိုက်ခက်တာခံရရင်း မေ့ လုပ်ရပ်တွေကို "ဘာကြောင့်လဲ" ဟုသာ မေးခွန်းထုတ်ရင်းနဲ့သာ ရင်ထဲ ဟာလာဟင်းလင်းဖြစ်မိသည်။ မေ သည် တဒဂ် တွေကို မြတ်နိုးလှသည်။ တဒဂ် သာယာမှု ပေးနိုင်သော ပစ္စည်းဉစ္စာ‌တွေ နှင့် တစ်ဘ၀စာ ပုံအပ်မပေးနိုင်သော ယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်ထဲတွင်သာ ခုံမင်မိသည်ဟု ထင်မိပါသည်။
Profile Image for Thin San.
93 reviews57 followers
February 16, 2023
“မေဝတ္ထုကို ဖတ်ရသည်မှာ ရှန်ပိန်အရက်ကို သောက်လိုက်ရသည်နှင့် တူလေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့အရသာမှာ အခြားအစာအာဟာရများလို ဒါချည်း...ဒါချည်း မဟုတ်ပဲ၊ ထူးထူးကဲကဲ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားရသောကြောင့် ဖြစ်သည်။”-- သခင်ဗဟိန်း

"အကောင်းကို ရှာ၏။ အကောင်းကား မရှိတော့။”

ဆရာကြီး ဒဂုန်တာရာ၏ မြန်မာမှုပြု ဘာသာပြန်လက်ရာမြောက်တဲ့ “မေ” ဟာ တကယ်ကို ဖတ်လို့၊ ခံစားလို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ “မေ” ကို ကြံ့ခိုင်ပြီး ဒီထက်ပိုသတ္တိရှိတဲ့ အမျိုးသမီးလေးအဖြစ် ပြန်မြင်ချင်မိပါတယ်။ “မေ” ဟာ အကောင်းကို ရှာပေမယ့် အကောင်းကို မတွေ့ဘူးတဲ့.. “မေ” တစ်ယောက် ဒီဝတ္ထုလေးရဲ့ အလွန်မှာ အကောင်း ကိုရှာဖွေတွေ့နိုင်မယ်ဆိုတာ မျှော်လင့်လျက်...

Profile Image for Thida.
264 reviews34 followers
April 15, 2019
"အကောင်းကိုရှာ၏။ အကောင်းကား မရှိတော့။"

ဒီဝတ္ထုက အနောက်တိုင်းဝတ္ထုကို မှီးထားတယ်လို့ ဖတ်ရတယ်။ အဲဒါကြောင့်ပဲလားတော့ မသိဘူး။ ဝတ္ထုထဲက ဇာတ်ကောင်တွေက မြန်မာဆန်တဲ့လက္ခဏာ မတွေ့ရဘူး။ ကိုယ်ဖတ်ဖူးတဲ့ ဂျိန်းအော်စတင်ဝတ္ထုတွေထဲက လူတွေလိုမျိုး ပြုမူနေထိုင်ကြတယ်။ ဥယျာဉ်ပွဲကျင်းပတာတို့ လက်ဖက်ရည်သောက်ဖို့ ဖိတ်တာမျိုးက အနောက်တိုင်းဆန်တယ်။

ဇာတ်လမ်းကလည်း မြန်မာဝတ္ထုတွေမှာတွေ့ရတဲ့ ဇာတ်လမ်းမျိုးမဟုတ်တော့ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။
Profile Image for Feenhafthanni.
23 reviews1 follower
December 6, 2022
'အကောင်းကို ရှာ၏။ အကောင်းကား မရှိတော့။'
.
ဘဝမှာ လိုအပ်တာနဲ့လိုချင်တာကို မခွဲခြားနိုင်ပဲ၊ လိုအင်ကိုလည်း ရောင့်ရဲတင်းတိမ်ခြင်းမရှိပဲ အမှောင်ထုထဲကိုတိုးဝင်ခဲ့တဲ့ မေ့လိုလူမျိုးဟာ သနားဖို့ကောင်းသလို ကြောက်ဖို့လည်းကောင်းတယ်..
Displaying 1 - 11 of 11 reviews

Can't find what you're looking for?

Get help and learn more about the design.