Thinn158 reviews12 followersFollowFollowJanuary 3, 2024ဒီစာအုပ်ကတော့ ကြိုက်သလိုလို၊ မကြိုက်သလိုလိုပဲ။ “နွယ်ဦးမွန်” ကို portrait လုပ်ထားတာတော့ကြိုက်တယ်။ ဘဝကိုအတတ်နိုင်ဆုံးရုန်းကန်သွားမယ်ဆိုတာကို ရေးထားတာလေးကို ကြိုက်တယ်။ မကြိုက်တာက ယောက်ျားဇာတ်ကောင်တွေပဲ။ ‘လင်းဇော်’ က ပျော့လွန်းတယ်။ ‘မင်းမောင်’ ကတော့ ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ဘာကတော့ လုပ်မှ ဖြစ်မယ်ဆိုတာကို သေချာသိတဲ့သူ။ ‘ကျော်သက်’ ကိုလည်းမကြိုက်ဘူး။ မိန်းမတွေကို ဈေးတွက်သလို တွက်ပြီးယူလို့။ ပြီးတော့ ‘နွယ်ဦးမွန်’ နဲ့ တွေ့တော့မှ ရုတ်တရက်ကြီး အသိတရားတွေဝင်ပြီး သံဝေဂတွေရ ခိုင်းတာကြီးကို မကြိုက်ဘူး။ 🥴 နောက်တစ်ခုမကြိုက်တာက စာအုပ်ထဲမှာ ခဏ၊ ခဏပဲ ပတ်ဝန်းကျင်ကို အလုပ်အကျွေးပြု (ဆာ့ဗ်) လုပ်ခိုင်းတယ်။ စာအုပ်ရဲ့ hidden message က ပတ်ဝန်းကျင်ကို အလုပ်အကျွေးပြုဖို့များ ပြောချင်တာလား မသိဘူးလို့တောင် တွေးမိတယ်။ဇာတ်သိမ်းလည်းမကြိုက်ဘူး။ ကောင်လေး ၃ ယောက်နဲ့ ကောင်မလေး ၁ ယောက် ကားအတူတူစီးလာလို့ ကောင်မလေးက ကောင်လေး ၃ ယောက်ထဲက တစ်ယောက်နဲ့ မဖြစ်မနေ ‘ငြိ’ သွားစရာ လိုမှ မလိုတာကြီးကို 😑စာအုပ်ဖတ်ပြီး ‘နွယ်ဦးမွန်မို့ ချစ်ထွတ်တင်သည်’ စာသားကို လိုက်ရှာမိသေးတယ်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးထားတဲ့ ‘ကမ္ဘာကုန်ကျယ်သ၍ဝယ်’ ထဲက စာသားပါ။ “လောကကြီးကို ကယ်တင်ဖို့ဆိုတဲ့စကားလုံးက ရင့်သီးလွန်းပါတယ်လို့၊ ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် အလုပ်ကျွေးပြုဖို့၊ ဆာ့ဗ်လုပ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အလျင်ဖြည့်ဆည်းဖို့ လိုတယ်လို့။ လူငယ်ကြိုက်စကားလုံးနဲ့ ပြောရရင် မိမိကိုယ်ကို လက်နက်တပ်ဆင်ဖို့ လိုတယ်လို့လေ။” #နေပွင့်ပန်း၏အပြာရောင်စာမျက်နှာသစ် #စမ်းစမ်းနွဲ့_သာယာဝတီ #readingwiththinn📚 #20BOOKSBYBURMESEWOMENThis entire review has been hidden because of spoilers.