Jump to ratings and reviews
Rate this book

နှင်းဆီက မွှေး

Rate this book

300 pages, Unknown Binding

Loading...
Loading...

About the author

ခင်ဆွေဦး

5 books4 followers

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
2 (40%)
4 stars
1 (20%)
3 stars
2 (40%)
2 stars
0 (0%)
1 star
0 (0%)
Displaying 1 of 1 review
Profile Image for Thinn.
158 reviews12 followers
September 15, 2021
အရင်တုန်းက ကျွန်မတခါပြောဖူးပါတယ် ကျွန်မဆရာမခင်ဆွေဦးစာအုပ်တအုပ်ကို ရူးရူးရမူးမူး ကြိုက်ခဲ့ဖူးတယ်လို့။ အခု ဒီစာအုပ်ဖတ်တော့လဲ အကြောင်းအရာတွေ တိုက်ဆိုင်လို့ ထင်တယ် ကြိုက်ရပြန်တယ်။ စာဖတ်နေရင်း တချို့နေရာတွေဆို နင့်ကနဲ့ ခံစားရတယ်။ အထူးသဖြင့် သပိတ်တွေဖြိုခွင်းခံရတဲ့နေရာတွေ၊ ဖမ်းပြီး ရိုက်နှက်စစ်ဆေးတဲ့ နေရာတွေမှာပေါ့။ အာဏာရူးတွေ အမြစ်မပြတ်သရွေ့ သံသရာက တပတ်ပြန်လည်နေဦးမှာလို့ပဲ တွေးမိတယ်။

တက္ကသိုလ်ကို နောက်ခံထားတဲ့ ဝတ္ထုဆိုတော့ တက္ကသိုလ်အကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင်ရေးထားလိုက်တာကျောင်းတောင် ပြန်တက်ချင်စိတ်ဖြစ်တယ်။ ကျောင်းသား၊ ကျောင်းသူသဘာဝဟီလာထတာတွေဖတ်ရတော့ ပြုံးမိတယ်။ ပျော်စရာကြီး။ ရာဇဝင်မှာ ကျောင်းသားသမိုင်းကတော့ ဘယ်တော့မှမရိုင်းဘူး။ အာဏာရှင်ကို နည်းမျိုးစုံနဲ့တော်လှန်တယ်။ ဆရာမက သူ့ဇာတ်ကောင်တော်တော်များများကိုလဲ ‘ရာသက်ပန်’ ကျောင်းကထုတ်ပစ်တဲ့ အထဲထည့်လိုက်တယ်။ သူ့ဇာတ်ကောင်တွေတော်တော်များများကလဲ နိုင်ငံရေးတက်ကြွလှုပ်ရှားနေတာဆိုတော့ မဆန်းတော့ မဆန်းပါဘူး။

ဒီဇာတ်လမ်းမှာ ချိုးကွေ့တဲ့ အကွေ့တခုရှိတယ်။ ‘ဟာကနဲ၊ ဟင်ကနဲ’ ဖြစ်ကျန်ရတယ်။ လုံးဝ မထင်မှတ်ထားတာကြီး 😅

ဇာတ်သိမ်းပိုင်းရောက်တော့ လူတွေဟာ အနှစ် ၂၀ တွင်း ဘယ်လောက်ပြောင်းလဲ သွားတာကိုရေးထားတာဖတ်ရတော့လဲ တမျိုးခံစားရတယ်။ စာအုပ်ဖတ်ပြီး စာအုပ်ထဲက ဘယ်ဇာတ်ကောင်ကတော့ အခုခေတ်ကျောင်းသား ဘယ်တယောက်နဲ့တူလိုက်တာလို့ သွားသွားတွေးမိသေးတယ်။ သိန်းမောင်လိုကောင်တွေအများကြီး မရှိပါစေနဲ့လို့ဘဲဆုတောင်းရမှာပဲ။ နောက် အနှစ် ၂၀ ဆို မြန်မာနိုင်ငံမှာရော ဇာတ်သိမ်းဘယ်လိုရှိမလဲ သိချင်မိတာတော့ အမှန်ပဲ။

အောက်ကတော့ ဖတ်နေရင်းနဲ့ ကြိုက်လို့ တချို့စာသားတွေကို ဒီတိုင်းကူးထည့်ပေးထားတာ။
‘မင်းတို့ကခေတ်သစ်အလောင်းစည်သူတွေပဲ’ လို့ ညိုအောင်က သန်းဌေးကိုပြောတာ။
‘ဗမာနိုင်ငံသမိုင်းမှာ အလောင်းစည်သူဟာ သူ့လုပ်ရပ်တွေ သူပီတိဖြစ်ပြီး သူ့ဘေးလောင်းတော် ဘိုးလောင်းတော်တွေဟာ သူ့လောက် မနိပ်ဘူးလို့ ပစ်မှားခဲ့တယ်မဟုတ်လား၊ လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်ကို သူ့ခေတ်သူ့အချိန်အခါ သူ့အခြေအနေနဲ့ ဟပ်ကြည့်ပြီးမှဝေဖန်ရမယ်၊ အနာဂတ်ကာလကို ပိုင်ဆိုင်ဖို့ဟာ အတိတ်က အုတ်မြစ်ချခဲ့ရတယ်၊ ပစ္စုပ္ပာန်မှာ အုတ်စီရမယ် မဟုတ်လား’

‘နိုင်ငံသမိုင်းစဉ်မှာ ဒီလိုလူမျိုးတွေတော့ ရှိရမယ်လေ၊ မရှိရင် ငါတို့ဆဲစရာလူ မရှိတော့ဘဲ ပျင်းနေကြမှာပေါ့’ (ဒါက သိန်းမောင်ကို ညိုအောင်က မှတ်ချက်ပေးတဲ့စကား)
This entire review has been hidden because of spoilers.
Displaying 1 of 1 review