Jump to ratings and reviews
Rate this book

ပန်းတွေနဲ့ဝေ

Rate this book

254 pages, Paperback

Published February 1, 2016

6 people want to read

About the author

မောင်ဝဏ္ဏ

10 books4 followers
မောင်ဝဏ္ဏကို သက္ကရာဇ် ၁၃၀၈ ခု ပြာသိုလပြည့်ကျော် ၁၃ ရက်၊ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က အဖ ဦးသာဓု အမိ ဒေါ် ခင်ညိုတို့မှ မွေးဖွားခဲ့ပြီး မွေးချင်းလေးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ ရန်ကုန်မြို့ရှိ စိန့်ပေါလ်ကျောင်း (ယခု အ.ထ.က. ၆ ဗိုလ်တထောင်) ၌ အထက်တန်းအထိ ပညာသင်ယူခဲ့ပြီး ရန်ကင်း စည်သူပညာရိပ်သာ အထက်တန်းကျောင်းတွင် ဆက်လက်တက်ရောက်ခဲ့ကာ မက်ထရစ်တန်းကို အပြင်ဖြေအနေဖြင့် အောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ဒဿနိကဗေဒဘာသာရပ် အဓိကဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။

၁၉၇၂ ခုနှစ် နိုဝင်ဘာလထုတ် ရှုမဝမဂ္ဂဇင်း၌ ဖော်ပြခဲ့သော စိမ်းမိ၊ ငြိမ်း၊ ကျွန်တော် ဝတ္ထုတိုဖြင့် စာပေလောကအတွင်းသို့ ရောက်ရှိလာခဲ့သည်။ ၁၉၇၆ ခုနှစ်အချိန်တွင် သူ၏ အကျော်ကြားဆုံးဝတ္ထုတစ်ပုဒ် ဖြစ်လာမည့် ပန်းတွေနဲ့ဝေ ဝတ္ထုကို ထုတ်ဝေခဲ့ပြီး ၁၉၇၇ ခုနှစ်၌ ရုပ်ရှင်ဖြစ်လာသည်။ ၁၉၇၇ ခုနှစ်တွင် ချစ်တဲ့သူငယ်လေ စာအုပ်ထွက်ရှိသည်။ ၁၉၇၉ ခုနှစ်အချိန်တွင် အိပ်မက်စိမ်း လုံးချင်းဝတ္ထု၊ ၁၉၈ဝပြည့် နှစ်တွင် တက္ကသိုလ်လွမ်းချင်း ဝတ္ထုများ ထွက်ရှိခဲ့သည်။ ထိုနှစ်တွင်ပင် ငြိမ်းကျော်နှင့် တွဲဖက်ပြီး ကျေနပ်ဖို့အကြောင်း တောင်းပန်ချင်သည် ဝတ္ထု ရေးသားထုတ်ဝေသည်။ မောင်စိန်သောင်းနှင့် မနှင်းရည် ဇာတ်ကောင်များဖြင့် ဇာတ်လမ်းများကိုလည်း မဂ္ဂဇင်းများ၌ စတင်ရေးသားသည်။

၁၉၈၁ ခုနှစ်အချိန်တွင် မောင် ဝတ္ထုရှည်၊ အရွယ်လွန် ဝတ္ထုရှည်များ ထွက်ရှိခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် လှပါတယ်မသီတာ၊ ရည်းစားစကား၊ ချစ်ခင်စ မှော်ရုံမှာလေ အစရှိသော ဝတ္ထုရှည်များ ထွက်ရှိခဲ့သည်။ ၂၀⁠၀၅ ခုနှစ်အချိန်တွင် အပျင်းပြေဖတ်ဖို့ ဖလော်ဆော်ဖီ စာအုပ်ကို ထုတ်ဝေသည်။ ပြည်တွင်းထုတ် ရွှေအမြုတေနှင့် ချင်းတွင်း မဂ္ဂဇင်းများတွင်လည်း ကင်ဆာဝေဒနာ မခံစားရခင် အချိန်အထိ စာပေများ ရေးသားခဲ့သည်။ ချင်းတွင်းမဂ္ဂဇင်း၌ အခန်းဆက်ရေးသားခဲ့သည့် သူလိုကိုယ်လို ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးများက စာအုပ် ပြန်လည်ထွက်ရှိသည်အထိ အောင်မြင်ခဲ့သည်။ လုံးချင်း ဝတ္ထုပေါင်း ၃၅ အုပ်ခန့် ရေးသား ခဲ့သည်။ ၂၀ဝ၆ ခုနှစ်တွင် ကျွန်တော်အူကြောင်ကြား စာအုပ်ဖြင့် ဆရာဝန်တင်ရွှေစာပေဆုကို ရရှိခဲ့သည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
2 (20%)
4 stars
7 (70%)
3 stars
1 (10%)
2 stars
0 (0%)
1 star
0 (0%)
Displaying 1 - 2 of 2 reviews
Profile Image for Feenhafthanni.
23 reviews1 follower
December 6, 2022
'ရုပ်ခန္ဓာမှပေါက်ပွားသော အချစ်သည် ရုပ်တရားနှင့် ကင်းကွာလျက် ထာဝရတည်ရှိနေနိုင်ပါသည်။'
.
ရန်ကုန်တက္ကသိုလ်နောက်ခံအချစ်ဇာတ်လမ်းဆိုတော့ ကျောင်းသားဘဝရဲ့ ရီမောစရာ ပျော်ရွှင်စရာ လွမ်းမောစရာ ခံစားချက်တွေကို ပေးနိုင်တယ်..ဖတ်နေတဲ့တလျှောက်လည်း 'ပန်းတွေနဲ့ဝေ' သီချင်းကို ကြားယောင်နေမိတယ်.. ရယူပိုင်ဆိုင်လိုစိတ်တွေမပါပဲ ချစ်ရတဲ့အချစ်က တန်ဖိုးရှိသလောက် အေးချမ်းလိမ့်မယ်လို့တော့ မထင်ဘူးကွယ်..
Profile Image for Thida.
264 reviews34 followers
January 11, 2018
Pann Tway Nae Wai by Maung Wunna
The plot is predictable but it was nice to read even though I don't entirely agree with Wai's reason for making the decision. She said she was making a sacrifice but she made the choice on her own.
Displaying 1 - 2 of 2 reviews

Can't find what you're looking for?

Get help and learn more about the design.