Jump to ratings and reviews
Rate this book

ကွိ

Rate this book
The original book of Queed was written by Henery Sydnor Harrison.
This version is a translated version by Hanthar Waddy U Win Tin who was a famous journalist of Burma.

175 pages, ebook

Published November 1, 1977

1 person is currently reading
21 people want to read

About the author

ဝင်းတင်

1 book2 followers

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
7 (36%)
4 stars
6 (31%)
3 stars
2 (10%)
2 stars
2 (10%)
1 star
2 (10%)
Displaying 1 - 4 of 4 reviews
Profile Image for Htain Lin.
17 reviews15 followers
July 11, 2016
သတင်းစာ သမားတွေ အတွက် အလွန်ကောင်းမယ့် စာအုပ် ဖြစ်ပေမယ့် ကျွန်တော့် အတွက်ကတော့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ သိပ်မရှိလှဘူး။ ဦးဝင်းတင်ရဲ့ အရေးအသားကတော့ အတော်လေးကို ကောင်းတယ်။ သူ့ အရေးအသားကြောင့်သာ မဟုတ်ရင် စာအုပ်ကို ပြီးအောင် ဖတ်ဖြစ်မှာ မဟုတ်ဘူး။ ဆရာမြသန်းတင့် အတိုင်းပဲ အရေးအသားက သွက်တယ်။ တိုတိုနဲ့ လိုရင်းကို ရောက်အောင် ဘာသာပြန်နိုင်တယ်။ ဘာသာပြန်ပိုင်းကတော့ အတော်လေးကို ကောင်းတာကို တွေ့ရပါတယ်။
Profile Image for Tun Win Naing.
16 reviews7 followers
November 17, 2016
ဂျာနယ်ကျော်မမလေး၏ သူ စာအုပ်တွင် ညွှန်းဆိုထားသောစာအုပ်။

မူရင်း Queed by Henry Sydnor Harrison ဝတ္ထုကိုဖတ်လိုသူများအနေဖြင့် Project Gutenberg တွင် အခမဲ့ရနိုင်ပါတယ်။

သတင်းစာ၊သတင်းသမားများအတွက် သာမဟုတ်ဘဲ ဖတ်ရှုသူတိုင်း သင်ယူလေ့လာနိုင်သည့်အကြောင်းအရာများ များစွာပါရှိပါသည်။ သတင်းစာသများအတွက်ဆိုလျှင် Spotlight သည်သာ၍ သက်ဆိုင်သည်ဟုထင်သည်။

- ပညာမည်မျှတော်စေကာမူ လူမှုဆက်ဆံရေးသည်လည်းအရေးကြီးကြောင်း
− ဖြောင့်မတ်မှုသည် အရေးကြီးကြောင်း
− လောကကြီးတွင် မိမိနားမလည်သောအချက်အလက်များ အများအပြားရှိသည်ဆိုသည့်အကြောင်း
− အသေးအမွှား၊အရေးမကြီးဟု ယူဆသောအချက်အလက်များသည်လည်း ​ေရှာင်လွှဲ၍မရနိုင်ကြောင်း
- မည်မျှတော်စေကာမူ စိတ်ဓာတ်နှင့် အခြေခံအယူအဆလွဲလျှင် မအောင်မြင်နိုင်ကြောင်း
− တစ်ဖက်သားသူ၏ အကြံပေးချက်၊ အမြင်ကိုနားထောင်၍ ဆန်းစစ်သင့်ကြောင်း

အချို့အသောအချက်အလက်များ မမှန်ကန်ပါ။ ဥပမာ

- Vanity Fair အကြောင်း ဖော်ပြရာတွင် ဇာတ်ကောင်အမျိုးသမီးနှစ်ဦးကို သရုပ်ဆောင်မင်းသားနှင့် မင်းသမီးအဖြစ်ဖော်ပြမှု
- Don Quixote ကို ဒွန်ကွစ်ဇော့ ဟု အသံထွက်ဖော်ပြခြင်း (ဒွန်ကွစ်ဟို့တီ ဟုအနီးစပ်ဆုံး မြန်မာသံထွက်လျှင်ပိုမှန်နိုင်သည်)
- အလွဲဆုံးမှာ မျက်နှာဖုံးတွင် မူရင်းစာရေးဆရာအမည်ကို စာလုံးပေါင်း မှားယွင်းစွာဖော်ပြထားသည် (Henry ြဖစ်ရမည့်အစား Henery ဟုစာလုံးပေါင်းထားသည်)

ဘာသာပြန်စာရေးဆရာသည် နိုင်ငံကျော်စာရေးဆရာဖြစ်၍ (ကျွနု်ပ်) ဉာဏ်နှင့် ဝေဖန်ရန်မသင့်ပါ။ သို့သော် အောက်ပါအချက်များကို သတိထားမိပါသည်။

− Sharlee Weyland ကို ရှာလီဝေလင် ဟုယူခြင်း
− သမ္မာကျမ်းစာမှ အမည်များကို မြန်မာသမ္မာကျမ်းစာမှအမည်များကို ယူခြင်း
− လက်တင်စကားများမှအပ ကျန်သည့်အင်္ဂလိပ်စကားလုံးများကို ဖော်ပြခြင်းမရှိခြင်း (ဖော်ပြပေးလျှင်ပိုကောင်းမည်ဟုထင်ပါသည်)
- အချို့အချက်အလက်များ အောက်ခြေမှတ်စုတွင်ရှာမတွေ့ပါ (ဥပမာ​ Old World vs New World အယူအဆ) စာမျက်နှာ ၁၃၂ တွင် ကမ္ဘာဟောင်းဟုတိုက်ရိုက်ပြန်ဆိုထားသည်
− မူရင်းစာအုပ်ကို ချုံ့၍ပြန်ထား၍ အချို့စာများသည် ပြတ်တောက်သည်ဟုထင်ရခြင်း
− အချို့နေရာများတွင် မြန်မာမှုပြုသည်ဟု ထူးထူးခြားခြားခံစားရပြီး (ဂေါပဂ၊ လေမှုတ်စန္ဒရား၊ သရဏဂုံတင်)
− အချို့နေရာများတွင် မြန်မာစာဖတ်သူများ မရင်းနှီးသည့်ဥပမာများကို ထည့်ရေးထားသည်ကိုတွေ့ရသည် (ဖြုတ်ချထားလျှင်လည်း မည်သို့မျှမထူးနိုင်ဟုထင်ပါသည်) စာမျက်နှာ ၁ ခွေးအကြောင်းဖော်ပြချက်
− ပါဠိစကားများ သုံးနှုန်းသည်ကိုလည်း တွေ့ရသည်
− စာမျက်နှာ ၂၅၀ နှင့် ၂၅၄ အကြားတွင် ရေးသားပုံမှာ နာရီပိုင်းဟုထင်ဖွယ်ရာဖြစ်နေ၍ ၂ ခေါက်ခန့်ပြန်ဖတ်ယူရသည်။
Profile Image for Phyoe Kyaw.
10 reviews4 followers
July 20, 2018
စာနယ်ဇင်းသမားတစ်ယောက် ရှိရမယ့် ရူးသွပ်မှု၊ အကျင့်သိက္ခာနဲ့ ခံယူချက်ကို လှစ်ပြနိုင်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။ မူရင်း အင်္ဂလိပ်စာအုပ်က အရေးအသား ရှေးကျပေမယ့် မြန်မာပြန်မှာ အင်မတန်ခေတ်မီတဲ့ အရေးအသားနဲ့ ဘာသာပြန်နိုင်တဲ့ ဦးဝင်းတင်ရဲ့ အရည်အချင်းကို ချီးကျူးရလောက်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။
Profile Image for Ei Pont.
12 reviews
April 22, 2016
Could there be an unbiased media on earth?
However, I love passuonate Queed and intelligent ဝေလင်။ It was mentioned the original novel is heavy with incredible word usage. I do appreciate the work of the translator,U Win Tin, who could make it very readable. He is such a cool translator. :)

Can't find what you're looking for?

Get help and learn more about the design.