Jump to ratings and reviews
Rate this book

ဘ၀အစွန်မှာ

Rate this book

88 pages, Paperback

First published January 1, 2015

Loading...
Loading...

About the author

ကြည်အေး

28 books103 followers
ကြည်အေး (Kyi Aye) ၏ကလောင်ခွဲတစ်ခုမှာ မမိုးသူ ဖြစ်သည်။ မမိုးသူ အမည်ဖြင့် The Working Peoples Daily တွင် ဆောင်းပါးများရေးသားခဲ့သည်။ တာရာမဂ္ဂဇင်းတွင် ကဗျာအများဆုံးရေးသားခဲ့သည်။ မဂ္ဂဇင်းကြီးများတွင် ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်များရေးသားခဲ့သည်။

တာရာမဂ္ဂဇင်းတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုထုတ် တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ ပါ ထိုည သည် ပထမဆုံး ပုံနှိပ်ဝတ္ထုတိုဖြစ်သည်။ အတွေးအရေး ဆန်းသစ်တီထွင်ရဲတင်းမှုနှင့်အတူ ဖြစ်တည်မှုပဓာနဝါဒဆန်သော စာရေးဆရာအဖြစ် ကျော်ကြားခဲ့သည်။ နွမ်းလျအိမ်ပြန်(၁၉၆၄) ၊ မောင်။ ကိုကိုနှင့် မြနန္ဒာ (၁၉၇၃) ၊ မေတ္တာမီးအိမ် (၁၉၈၀)၊ အပြင်ကလူ (၁၉၉၆) နှင့် ကြည်အေး၏ကဗျာများ (၁၉၉၀၊ ၁၉၉၂) တို့မှာ အထူးထင်ရှားသည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
0 (0%)
4 stars
1 (25%)
3 stars
2 (50%)
2 stars
1 (25%)
1 star
0 (0%)
Displaying 1 of 1 review
Profile Image for Thinn.
158 reviews12 followers
April 9, 2023
ဘဝအစွန်မှာ (တသက်တာဆင်ခြင်စဉ်းစားမှုအတွေးများ) _ ကြည်အေး

ဆရာမကြည်အေးရဲ့ ဝတ္ထုတိုပေါင်းချုပ်သစ်အထူကြီးကို ဖတ်ပြီးကတည်းက ဆရာမကြီးရဲ့ အကြောင်းကိုရှာဖတ်မယ်လို့ တွေးထားဖူးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုယ်ဒီစာအုပ်ကိုဝယ်ထားပြီး စင်ပေါ်မှာ မေ့ပြီးပြစ်ထားတာ အခုရှာတွေ့ပြီး ဖတ်ဖြစ်တယ်။

သူ့အကြောင်းဖတ်ရတော့ သူ့အမေကတဖက်စွန်းရောက်တဲ့လူလို့ ခံစားရတယ်။ စစ်ပြီးကတည်းက သူနဲ့အတော်ကတောက်ကဆ ဖြစ်ရတယ်။ မိန်းမဆိုတာ သေစာရှင်စာတတ်ပြီး အိမ်ထောင်မှုထိန်းသိမ်းတတ်ရင်တော်ရောပေါ့ဆိုပြီး ရှေးရိုးအစွဲကိုသေသည်အထိ ကိုင်သွားတယ်။ သူ့အမကိုလည်း မွေးကာစတုန်းက ယောက်ျားလေးနဲ့ လဲဖို့ ကြိုးစားဖူရတယ်လို့ ဖတ်ရတော့ စိတ်မသက်သာလှဘူး။ သူ့မောင်လေးဆုံးသွားတော့ သု့အမေက မိန်းမတွေကိုလူရာမသွင်းချင်တဲ့စိတ်က ပိုအစွန်းရောက်သွားပုံပေါ်တယ်။ ဘုရား၊ တရားတွေတော့ နင်းကန်လုပ်ပြီး အတော်တရားမရှိတဲ့ အမေပဲလို့ တွေးမိတယ်။ နောက်တခုတွေးမိတာက သူ့အမေမှာ စိတ်ရောဂါတခုခုများ ဖြစ်နေလားမသိဘူး။ သမီးတွေအပေါ်မှာ လုပ်တာကိုင်တာက အစွန်းရောက်နေလို့လေ။

ကြည်အေးကံကောင်းတာက အကိုအကြီးက စာတွေအများကြီး ပေးဖတ်တာပဲ။ အဲ့တာကြောင့်မို့လို့ သူတွေးခေါ်တာတွေက လွတ်လပ်တယ်၊ ဘောင်ကျယ်ခဲ့တယ်။ သူ့အကိုကလည်း ကွန်မြူနစ်ပါတီကို သူတို့မြို့ပေါ်မှာ ထူထောင်ခဲ့တဲ့သူပဲ။

စစ်အတွင်း ဒုက္ခရောက်ပုံတွေကို ရေးထားတော့ သူ့ဝတ္ထုထဲက ဇာတ်ကောင်တွေကို ပြေးပြေးမြင်တယ်။ သူတို့နေတဲ့ အိမ်ကြီးက သရဲခြောက်တယ်ဆိုတာကို ညကြီးဖတ်မိပြီး တယောက်ထဲကြောက်နေမိတာတော့ မှတ်မှတ်ရရပါပဲ 😖

စာအုပ်နောက်ပိုင်းမှာတော့ သေခြင်းတရားကို ဆေးရုံမှာအလုပ်လုပ်ရင်းတွေ့ကြုံခဲ့ရတာတွေကိုရေးထားတယ်။ ပြီးတော့ ဘာသာရေးကိုလိုက်စားကြောင်းတွေရောပေါ့။

သော်တာဆွေ သူ့ကိုမဟုတ်တမ်းတရားတွေ ရေးထားတယ်ဆိုပြီး ပြန်ဖြေရှင်းထားတဲ့ ဆောင်းပါးလည်းပါတယ်။ ကြည်အေးဟာ ခေသူတော့မဟုတ်ဘူး။ ပြောချင်ရာပြောပါစေ ဆိုပြီး ဒီတိုင်းလွှတ်ထားတဲ့အထဲမှာ လည်းမပါဘူး။ သတ္တိရှိတယ်။

“ဘဝအစွန်ဟာ ကြည်အေးရဲ့ကိုယ်တိုင်ရေးအထုပ္ပတ္တိပဲ။ သူ့ဘဝ အပြောင်းအလဲမျိုးစုံကို ရသမြောက်အောင် ရေးဖွဲ့နိုင်ရုံမက ဗုဒ္ဓဘာသာစစ်စစ်တယောက်ဖြစ်လာပြီဆိုတာကို ကျနော်တို့အပေါ် လွှမ်းမိုးအောင် ရေးသားနိုင်တယ်။ စာဖတ်သူတွေ အရွယ်လိုက် အလွှမ်းမိုးနိုင်ဆုံးသော စာရေးဆရာ ဘယ်သူလဲလို့ ကျနော့်ကို မေးခဲ့ရင် ကြည်အေးကို ထိပ်ဆုံးမှာ စာရင်းတို့ထားရမှာပဲ။”
This entire review has been hidden because of spoilers.
Displaying 1 of 1 review