Pancy4 reviews4 followersFollowFollowOctober 15, 2021အစက စောလမုန်သိုက်နဲ့ အိုင်ဗရီချိုင်း ကို စွဲလမ်းခဲ့ရတယ်။ နောက်တော့ ကိုးတန်းလောက်မှ ရူပနန္ဒီ ရူပကလျာဏီကို ဂျာနယ် တစ်ခုမှာ တစ်ပတ်တစ်ခါအပိုင်းလိုက် ဖတ်လိုက်ရတယ်။ အဲ့အခါမှ ရွှေဥဒေါင်းရဲ့ ဘာသာပြန်အရည်အချင်းတဲ့ မှီငြမ်းတဲ့ အိုင်ဒီယာကို နည်းနည်းခိုက်မိသွားတာ။ ဂျာနယ်က အပတ်အစဉ်ဆိုတော့ လွတ်ပြီး ရူပကလျာဏီရဲ့ ဇာတ်လမ်းကို အပြီးထိ မဖတ်လိုက်ရဘူး။ ဘာသာပြန်ထက် မှီငြမ်းတွေကို လက်ခံနိုင်တဲ့သူတွေတော့ ကြိုက်မှာပါ။ H. Rider Haggard ရဲ့ She ထဲက Ayesha ကို ရူပနန္ဒီ ဖြစ်အောင် ယုံအောင် ဖန်တီးပြီး စွန့်စားခန်းတွေကို အင်ဒီယာနာဂျုံးလို ခံစားရအောင် သရုပ်ဖော်သွားတာတွေအတွက် ဖတ်သင့်ပါတယ်။ သူ့ရဲ့ စာအရေးအသားကတော့ ရှေးရိုးဆန်တော့ အစတော့ အသားမကျနိုင်ပါဘူး။ စွန့်စားခန်းဘာသာပြန် မှီငြမ်းတွေ ကြိုက်သူတွေအတွက် သူ့အရေးအသားတွေ ကြိုက်သူတွေအတွက် စာအုပ်ကောင်းလို့ ညွှန်းချင်ပါတယ်။ ဘာသာပြန်ခြင်းအနုပညာရဲ့ ဥပမာကောင်းတစ်ခု။