Jump to ratings and reviews
Rate this book

ခေတ်ပြိုင်ဝတ္ထုတိုများ ၄၅:၁၅:၀၁

Rate this book
စိတ်ကူးချိုချိုစာအုပ်တိုက်၏ ၁၅ နှစ်ပြည့်အမှတ်တရအဖြစ် ရသစာပေပညာရှင် ခေတ်ပြိုင်ဝတ္ထုတိုဆရာ ၄၅ ဦး၏ ၁၅ ယောက်တစ်တွဲ ၃ ပုဒ်စီ စုစည်းမှု စာအုပ် ၁

508 pages, Paperback

First published August 1, 2014

2 people are currently reading
38 people want to read

About the author

မြင့်သန်း

47 books9 followers
မြင့်သန်းကို ၁၉၄၉ ခု၊ ဇွန်လ ၂၃ ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားသည်။ မိဘများမှာ ဦးတင်နှင့် ဒေါ်အေးကျင်တို့ ဖြစ်ကြသည်။ ငယ်စဉ်မှ (၁၉၆၄) ခုနှစ်အထိ စိန်ဂျွန်း ယောက်ျားလေးများကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ ဒက္ခိဏာရုံတိုက်သစ် စာချဘုန်းကြီး ဦးပဏ္ဍိ၊ အောင်မင်္ဂလာကျောင်း စာချဦးအဂ္ဂ၊ ကျောက်မြောင်းကျောင်းတိုက် ဦးတေဇဓမ္မနှင့် ဒဂုန်ဦးဘသန်း (သျှင်သန်းမေ) တို့မှာ မြင့်သန်း၏ ငယ်ဆရာ၊ မြန်မာစာနှင့် ဆန်းသင်ဆရာများ ဖြစ်ကြသည်။ ဘွဲ့လွန်ပညာရပ်များကို ရန်ကုန်တက္ကသိုလ်၊ ဆစ်ဒနီတက္ကသိုလ်နှင့် ဆစ်ဒနီအနောက်ဘက် တက္ကသိုလ်များတွင် လေ့လာဆည်းပူးခဲ့သည်။

“လွတ်လပ်ခြင်း အယူအဆများကို နှိုင်းယှဉ်လေ့လာခြင်း” နှင့် “မြန်မာပြည်သို့ လာရောက်ခဲ့သော ကိုလိုနီအရာရှိတို့၏ အရေးအသားအား ပြန်လည်လေ့လာချက်” ကျမ်းများ ရေးသားခဲ့သည်။ သူ၏ ဝတ္ထုတိုများနှင့် မြန်မာစာပေ အရေးအသားများမှ သူ နှစ်ခြိုက်ခဲ့သူတို့၏ အရေးအသားများအပေါ် ပြန်လည်လေ့လာချက်များကို ‘သူ ရေး၍ သူ ကြိုက်သော ဝတ္ထုတိုများ’ ၊ ‘သူ ဖတ်သောစာ သူ ရေးသောစာ’ ၊ ‘ရောရောယောင်ယောင် မောင်ဘမောင်’ ၊ ရွာ၏ အခြား တစ်ဖက်ရှိ ချောင်းမှရေ နောက်ကျိရသည့်အကြောင်း (၂၀၀၅) ၊ လှေကားထစ်တွေနှင့် အခြားဝတ္ထုတိုများ (၂၀၁၂) ၊ စသည် စသည်ဖြင့် …:[စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်း၊ ရသပညာ စသည့် အရေးအသားများ (၂၀၁၂) နှင့် ...
ဘာသာပြန်များအဖြစ် ‘ကာ(ဖ)ကာ၏ စာ’ (၂၀၀၁)၊ ကာ(ဖ)ကာ၏ အရေးအသားများ [‘သမာဓိ၌ တည်ခြင်း’ နှင့် ‘ပြောင်းလဲခြင်း’] (၂၀၀၂)၊ လွင့်မျောနေသာ ကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး (၂၀၀၂)၊ ဘေးမှနေ၍ အားပေးခြင်း [လူစယွန်၏ ဝတ္ထုတိုများ - ၁] (၂၀၀၄)၊ သူ ဖတ်၍ သူ ကြိုက်သော အရေးအသားများ (၂၀၀၅)၊ ပန်းရောင်လမ်းထောင့်မှ လူ (၂၀၀၅)၊ အလ်ဘတ်ကမူး၏ ဝတ္ထုတိုများ (၂၀၀၆)၊ ဆင်ခြင်ခြင်း၏ အပသို့ ရောက်သွားသော လူတို့၏ အကြောင်းများ (၂၀၀၇)၊ ရေးရေးသာ မြင်ရသော တောင်ကုန်းကလေးများ (၂၀၀၈)၊ တို့များအချစ်အကြောင်း ပြောကြတဲ့အခါ တို့များ ပြောကြတာတွေက … (၂၀၁၀)၊ ဆွန်ဇ၏ စစ်ပညာ (၂၀၁၂)၊ ဖရန့်(ဇ)ကာ(ဖ)ကာ၏ ပြောင်းလဲခြင်းနှင့် အခြားဝတ္ထုတိုများ (၂၀၁၂) တို့ကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

မြန်မာမော်ဒန်ကဗျာများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရန် အားထုတ်နေသည်။ “ဗမာဟု ပုံဖော်ခံရသော မြန်မာများအကြောင်း” လေ့လာချက် ကျမ်းတစ်စောင်ကို သုတေနပြု၍ အင်္ဂလိပ်ဘာသာနှင့် ရေးသားပြုစုလျက် ရှိသည်။ ယခုအခါ မိခင်ကြီး ဒေါ်အေးကျင်၊ ဇနီးဖြစ်သူ ဒေါ်သန်းသန်းရည်၊ ကြောင်ကလေး ‘တိုင်လာ’ တို့နှင့်အတူ ဆစ်ဒနီမြို့ အနောက်ဘက် တောင်ရိုးပေါ်တွင် နေထိုင်လျက်ရှိသည်။

ရည်ညွှန်း ။ ။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ၊ ရာပြည့်စာအုပ်တိုက်ထုတ် ဂျိမ်းဂျွိုက်(စ)၏ ‘ဒဗ္ဗလင်မြို့ကလူများ’ စာအုပ်ပါ ‘မြင့်သန်း၏ အတ္ထုပ္ပတ္တိအကျဉ်း’ မှ ပြန်လည်ဖော်ပြသည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
4 (100%)
4 stars
0 (0%)
3 stars
0 (0%)
2 stars
0 (0%)
1 star
0 (0%)
Displaying 1 of 1 review
Profile Image for Ye Lin Aung.
149 reviews45 followers
December 23, 2015
Brilliant collection of Myanmar short novels which are published across the magazines.
The very first article "အတိတ်ရဲ့ တစ္ဆေကို ကျောပိုးထားသူတွေ" is my most favorite. :)
Displaying 1 of 1 review