Jump to ratings and reviews
Rate this book

မှော်ဆရာမှတ်တမ်းပေါင်းချုပ်

Rate this book
ဒဂုန်မဂ္ဂဇင်းတွင် စာရေးဆရာ ဒဂုန်ခင်ခင်လေးရေးသားခဲ့သည့် စုံး၊ ကဝေ၊ တစ္ဆေ၊ ငရဲဝတ္ထုတိုများကို စုစည်းကာ အတွဲများခွဲ၍ ထုတ်ဝေထားခြင်းဖြစ်သည်။ ထို သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတိုများ ရေးသားရန်အတွက် စာရေးသူသည် စုံး၊ ကဝေ၊ တစ္ဆေ၊ ငရဲ၊ အင်းအိုင်ခလဲ့၊ လက်ဖွဲ့ပြုလုပ်နည်းတို့နှင့် ပတ်သက်သည့် ရှေးစာပေများကို နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေစုဆောင်း လေ့လာခဲ့ရှုံမျှသာမက စုံး၊ ကဝေတတ်သည်ဟု သတင်းဖြစ်နေသူများကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့သည်။ ၀တ္ထုတိုများနှင့် ပတ်သက်၍ အမှာစာရေးပေးထားရာ၌ ဘုရားဟော သုတ်ဒေသနာတော်တွေဖြစ်တဲ့ ၅၅၀၊ နိကာယ်ငါးရပ်၊ အပဒါန်၊ သီလက္ခန်၊ ဓမ္မပဒ၊ အဂုင်္တ္ထိုရ်၊ ပေတ၊ ၀ိမာနစသည့် ၀တ္ထုကျမ်းဂန်တွေထဲကရော လောကီကျမ်းတွေဖြစ်တဲ့ တဇ္ဇတ္တဒီပနီ၊ ကဝေသာရစတဲ့ စာအုပ်စာတမ်းတွေကို ဇာတ်လမ်းတန်ဆာဆင်ပြီး နာနာဘာဝ၊ တစ္ဆေ၊ သရဲ၊ ဥစ္စာစောင့်နတ်စိမ်း၊ နတ်မိစ္ဆာများနဲ့ စုန်း၊ ကဝေ၊ ဇော်ဂနီ၊ မောက်လုံး၊ မောက်ပြား၊ မောက်ကတော်၊ မှော်ကတော်၊ ထဘီခြုံထမံသီစတဲ့ အောက်လမ်းလက်ဝဲဂိုဏ်းတွေအကြောင်းကို မှတ်တမ်းတစ်ခုပြုထားပြီး ဒီမှတ်တမ်းကို အခြေခံပြုကာ စိတ်ကူးဉာဏ်နဲ့ ချဲ့ထွင်ပြီး ကလောင်နဲ့ တန်ဆာဆင်ထားခြင်းဖြစ်ကြောင်း ဆိုထားသည်။ အတွဲ ၂ တွင် ချစ်သူ့ကျိန်စာ၊ ပြည်တော်ဝင်၊ ရေစုန်းရွာ၊ တောသူ့အပင်း၊ အာဠာဝကမှော်၊ နောက်ပိုးတစ္ဆေ၊ လက်ပြတ်သရဲကြီးဟူသော ၀တ္ထုတို ၇ ပုဒ်ပါရှိသည်။

234 pages, Paperback

First published October 1, 2012

14 people want to read

About the author

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
1 (20%)
4 stars
1 (20%)
3 stars
2 (40%)
2 stars
0 (0%)
1 star
1 (20%)
No one has reviewed this book yet.