Wei Wei1 reviewFollowFollowMay 1, 2020ဒီတစ်ခေါက်တော့ ကိုယ်သဘောကျ လေးစားရတဲ့ စာရေးဆရာ နှစ်ယောက်ဖြစ်တဲ့ ဆရာ မြသန်းတင့်နှင့် ဆရာသိန်းဖေမြင့်တို့ ပေါင်းစပ်ရေးဖွဲ့ထားတဲ့ 'နွံထဲကကြာ' ဝတ္ထုလေးဖြစ်ပါတယ်။ ဒီဝတ္ထုဟာ ရုရှားဂန္တဝင် စာရေးဆရာကြီး Tolstoy ရဲ့ 'Resurrection ' ဝတ္ထုကို အခြေခံ၍ မြန်မာမှုပြုထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ကြာပန်းတို့သဘာဝက ဗွက်နွံထဲမှာပဲ ပေါက်လေ့ရှိတယ်။ သို့ပေမဲ့ ကြာရဲ့သဘောက ဖြူစင်တယ်၊ လန်းဆန်းတယ်၊ စိတ်နှလုံးကို ရွှင်ပြုံးစေတယ်။ ဒီလိုမျိုး အရွှေဟာ ရိုးသားဖြူစင်တယ်။အပြစ်မဲ့သူ ဖြစ်လင့်ကစား သက်သေမရှိ၍ ပြစ်ဒဏ်မှကင်းလွတ်ခွင့်မရနိုင်ခဲ့သည့် တရားဥပဒေနဲ့ တရားစီရင်ရေးအကြောင်းမြေရှင်ပဒေသရာဇ်စနစ်ရဲ့ ဓနရှင်အသိုင်းအဝိုင်း၏ ငွေဂုဏ်ကြေးဂုဏ် မောက်မာမှုတို့နဲ့အတူ အဖိနှိပ်ခံလူတန်းစားတို့ရဲ့ ကြမ်းတမ်းခက်ခဲလှတဲ့ လူနေမှုဘဝဇာတ်ကြောင်းများအကြောင်းဓနရှင်တွေ ဖိနှိပ်သမျှကို ခံရသည့် အဖိနှိပ်ခံလူတန်းဘက်မှ မားမားမတ်မတ် ရပ်တည်ပေးသည့် ကိုတောက်ထွန်းလို့ လူမျိုးမြေနိမ့်ရာ လှန်စိုက်ဆိုသလို နိမ့်ရာကို နှိမ့်၍ မြင့်ရာကို မြှင့်ကြသည့် လူ့ပတ်ဝန်းကျင်အကြောင်းအချစ်နယ်ကျွံခဲ့သည့်အဖြစ်အပျက်၊အကြောင်းအရာမှသည် ကြေကွဲဆို့နင့်ဖွယ်အကျိုးဆက်များကိုသာ တပွေ့တပိုက်ကြီး သိမ်းပိုက်ခဲ့ရရှာသူသို့တိုင်အောင် မိမိကံကြမ္မာကိုသာ အပြစ်ဆို၍ ချစ်သူအပေါ် ခွင့်လွှတ်ရုံမျှမက ဘဝနွံထဲကို ဆွဲမခေါ်ရက်ရှာသည့် အချစ်စစ်နှင့် ချစ်ခဲ့သည့် ရွှေတင်မိမိအမှား၊ မိမိအပြစ်ကိုသိသည့်အခါ ဂုဏ်ပကာသနတွေကို စွန့်ပယ်ကာ အမှားကို ဝန်ခံရဲသည့် ရဲရဲဝံ့ဝံ အမှန်ကို ပြင်ဆင်ရဲသည့် ရွှေတင်ရဲ့ ချစ်ဦးသူ စတဲ့အကြောင်းအရာတွေကို အတိတ်တဖန် ပစ္စုပ္ပန်တစ်လှည့်ဖြင့် စိတ်ဝင်စားဖွယ် ရေးသားခြယ်မှုန်းထားတဲ့ ဝတ္ထုလေးဖြစ်ပါတယ်။ဒီဝတ္ထုထဲကလိုမျိုး ချစ်သူရဲ့ ပန်းဦးခြွေခြင်းခံရပြီး ဘဝပျက်သွားတဲ့ မိန်းမပျိုကလေးတွေ၊ ဓနရှင်လူတန်းစားတွေရဲ့ အိမ်မှာ အိမ်ဖော်အမည်ခံ လိင်ကျွန်ဘဝနဲ့ ဖြတ်သန်းနေရတဲ့ မိန်းကလေးတွေ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ ဘယ်လောက်များ များနေမလဲ။ကိုယ်တိုင် ဒီအပြစ်မျိုး၊ ဒီအမှားမျိုး မကျူးလွန်မိအောင် ဒီဝတ္ထုထဲက ဇာတ်ကောင်တို့ရဲ့ အမှားများမှ ကျွန်တော်တို့အားလုံး သင်ခန်းစာယူနိုင်ကြဖို့ 'နွံထဲကကြာ'ဝတ္ထုကို မဖတ်ရသေးတဲ့ ကျွန်တော့်မိတ်ဆွေတွေကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ....#သိန်းဖေမြင့်_မြသန်းတင့်_နွံထဲကကြာ#TipsForBookworms