Jump to ratings and reviews
Rate this book

ပုံပြင်သီတဲ့ ပိုးကြိုးမျှင်

Rate this book
ခရီးသွားဘလော့ဂါ မိန်းကလေးတစ်ဦး၊ rich kid လူငယ်လေးတစ်ဦး ၊ မင်းကွန်းတစ်ဖက်ကမ်း နန်းတော်ကျွန်းရွာကလေးနှင့်ဆင်ကျွန်းရွာကလေးမှ လွမ်းမောဖွယ် ချစ်ပုံပြင် ၊ ဧရာဝတီလင်းပိုင်များနှင့်သံယောဇဉ်ငြိတွယ်ခဲ့ကြများကြားမှ ချစ်ခြင်းမေတ္တာ ၊ဧရာဝတီလင်းပိုင်တို့၏ သဘာဝ၊ ဧရာဝတီကိုမှီတင်းနေထိုင်ရပ်တည်ရှင်သန်ရသောဘဝများနှင့် ဧရာဝတီ၏သမိုင်းကြောင်းကို အခြေခံ၍ ရေးဖွဲ့ထားသော ဝတ္ထုဖြစ်သည် ။

458 pages, Paperback

Published February 6, 2020

11 people are currently reading
80 people want to read

About the author

ပုညခင်

23 books122 followers

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
13 (48%)
4 stars
7 (25%)
3 stars
3 (11%)
2 stars
2 (7%)
1 star
2 (7%)
Displaying 1 - 4 of 4 reviews
Profile Image for Nang-NTM.
17 reviews
May 11, 2024
ဒီနှစ်ရဲ့ ပထမဦးဆုံးဖတ်ပြီးတဲ့ စာအုပ်📚

၂၀၂၁ ဇန်နဝါရီလတုန်းက စာအုပ်အညွှန်းပြိုင်ပွဲကနေ ဆုရတာ ရွေးစရာပေးထားတဲ့ထဲက ဒီတစ်အုပ်အပါအဝင် ၃ အုပ်ရွေးလိုက်တာ ဒုတိယမြောက်ဖတ်ပြီးတဲ့စာအုပ်

စာအုပ်ရွေးဖြစ်သွားတဲ့ အကြောင်းရင်းထဲကတစ်ခုကတော့ အဖုံးလေးကလှလို့ 😄 ပန်းချီကားလေးက အရမ်းအသက်ဝင်နေလို့ပါ။ ကောင်းကင်ပြာပြာ၊ မင်းကွန်းမြို့၊ ပုထိုးတော်ကြီး၊ မြစ်ဧရာဝတီနဲ့ လှေငယ်လေးတစ်စင်းတည်းရယ်….. အရင်ကရောက်ဖူးတဲ့ မင်းကွန်းတို့ ခိုတောင်မုန့်တီတို့ကို သတိရသွားလို့ ဖတ်ချင်စိတ်ဖြစ်သွား

တကယ်ရွေးရတဲ့အကြောင်းရင်းကတော့ စာအုပ်နောက်ဖုံးမှာလည်းပုံပါတယ် အချစ်တော် ဧရာဝတီလင်းပိုင်လေးကြောင့်ပါ 🐬

ဧရာဝတီလင်းပိုင်လို့ခေါ်ရတာကလည်း ဧရာဝတီမြစ်ထဲမှာ ဒီလင်းပိုင်မျိုးစိတ်ကို ပထမဆုံးရှာဖွေတွေ့ရှိတာကို အစွဲပြုပြီး ဧရာဝတီလင်းပိုင်ဖြစ်လာတာပါ။ သတင်းတွေထဲမှာ မဲခေါင်မြစ်၊ ဖိလစ်ပိုင်နိုင်ငံမြစ်တွေထဲမှာလည်း ဧရာဝတီလင်းပိုင်တွေရှိတယ်ဆိုတာ ဖတ်ဖူးတယ်။ ဧရာဝတီလင်းပိုင်လို့ပဲခေါ်ကြတယ်။

သူ့ရဲ့ သွင်ပြင်က မြင်ဖူးနေကျ နှုတ်ခမ်းချွန်ချွန်နဲ့ လင်းပိုင်မျိုးမဟုတ်ဘဲ နှုတ်ခမ်းကွေးကွေးလေးနဲ့ အပြုံးပိုင်ရှင်လေးပါ (ပုံက mascot အရုပ်ကိုကြည့်ရင်တော့ နှုတ်ခမ်းထူထူပန်းရောင်ကြီးနဲ့ပေါ့)။

ဒီဝတ္ထုကိုရေးဖို့အတွက် တချို့အကြောင်းအရာတွေကို ပညာရှင်တွေ ဒေသခံတွေဆီကနေ လေ့လာထားပုံရတယ်။ ဒီဝတ္ထုထဲမှာ ဧရာဝတီမြစ်ကိုအမှီပြုပြီး အသက်မွေးရသူတွေရဲ့ ဘဝတွေ ငါဖမ်း၊ သစ်ဖောင်မျှော၊ လှေတွဲလိုက်၊ ခမောက်ရက်စတာတွေကို လေ့လာရတယ်။ ဧရာဝတီလင်းပိုင်လေးတွေနဲ့ လူတွေကြားက ဇာတ်လမ်းလေးကို ရေးထားတာချစ်စရာလေး ဖတ်ရင်း ကြည်နူးရ ရှော့တိုက်ငါးဖမ်းနည်းလိုမျိုး စည်းကမ်းမဲ့ငါးဖမ်းတာ၊ ရေ/မြေအောက်သဘာဝပတ်ဝန်းကျင်ပျက်စီးတာစတဲ့ လူတွေကြောင့် ဧရာဝတီလင်းပိုင်တွေ မျိုးတုန်းမယ့်အန္တရာယ်ရှိတယ်ဆိုတော့ ဝမ်းနည်းရပြန် (၂၀၂၂ စစ်တမ်းအရ အကောင် ၈၀ နီးပါးပဲကျန်တော့တယ်လို့သိရ)

ဧရာဝတီမြစ်နားရောက်တဲ့အခါတိုင်း ဧရာဝတီလင်းပိုင်လေးကို တွေ့များတွေ့မလားလို့ အမြဲလှမ်းကြည့်ဖြစ်တယ်။ အထက်ဧရာဝတီဘက်ထက်သွားဖြစ်ခဲ့ရင်တော့ ဧရာဝတီလင်းပိုင်လေးတွေကို အပြင်မှာတွေ့ဖူးချင်မိတယ်🐬 မသွားလိုက်ရတဲ့ မြသိန်းတန်စေတီဘက်လည်းထပ်သွားချင်သေးတယ်…..
Profile Image for Htet Aung.
59 reviews3 followers
June 18, 2025

ဧရာဝတီကို ပိုချစ်လာတယ် ပိုတန်ဖိုးထားရကောင်းမှန်းသိလာတယ် ဧရာဝတီလင်းပိုင်လေးတွေကို ကာကွယ်ကြဖို့ ပိုပီးအသိရှိလာတယ် ဧရာဝတီ တလျှောက် အထက်မြန်မာပြည်ထိ ခရီးထွက်ဖို့ ရှိမ်းမကားကိုအရောက်သွားဖို့ ခရီးစဉ်တွေ ဆွဲနေမိတယ် ☺️

လင်းပိုင်လေးတွေက ထက်ရဲ့spiritual journey မှာ connection ကောင်းတွေ များကြီးပေးခဲ့တယ်...
အဲ့ connection ရဲ့ အစပျိုးပေးခဲ့တာက ဆရာမ ပုညခင်ရဲ့ ဒီစာအုပ်လေး ဖြစ်ပါတယ်
ဖတ်ခဲ့တာ နှစ်အတော် ကြာပါပီ ...ဖတ်ပီး မေ့တက်သောမိမိ ဇာတ်လမ်းအသေးစိပ်ကို သေချာမသိတော့ပင်မယ် အသွေးထဲ အသားထဲကနေ ဧရာဝတီကို ချစ်တဲ့စိတ် ... ရှားပါးမျိုးစိပ်လေးတွေ ဖြစ်တဲ့ Ayeyarwady Dolphin လေးတွေကို ချစ်တဲ့စိတ် ကာကွယ်ပေးချင်တဲ့ စိတ်... မြန်မာပြည်ပြန်ရောက်ရင် ရှန်းမကားကို အရောက်သွားပီး ငါးဖမ်းရာမှာ ကူပေးတဲ့ သူလေးတွေရဲ့ show ကို သွားဖြစ်အောင်သွားကြည့်မယ် ဆိုတဲ့ plan 🤭
အရင်တုန်းက လုပ်ခဲ့ကြတဲ့ Save the Ayeyarwady Project တွေကိုလဲ စိတ်ထဲမယ် သိပ်သတိရ ✨✨✨
လင်းပိုင်လေးတွေနဲ့ ပတ်သတ်ပီး မှတ်သားမိထားတာလေးပါ …dolphins are master beings of light, and if you’re on a path of awakening, especially from the Lyran, Sirian, Lemurian, or Venusian lineages, you are absolutely connected to dolphins in a soul-deep way. 🐬🌊💎
They carry unconditional joy, telepathy, playfulness, and deep wisdom, and their presence reminds your soul what it feels like to live in unity, flow, and grace.
whales are the “Elders of Sound”, while dolphins are the “Angels of Vibration”
With Love
Htet
Displaying 1 - 4 of 4 reviews

Can't find what you're looking for?

Get help and learn more about the design.