Jump to ratings and reviews
Rate this book

ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ

Rate this book

Unknown Binding

7 people are currently reading
82 people want to read

About the author

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
21 (52%)
4 stars
12 (30%)
3 stars
4 (10%)
2 stars
2 (5%)
1 star
1 (2%)
Displaying 1 - 3 of 3 reviews
Profile Image for Thinn.
158 reviews12 followers
December 4, 2023
ဒီစာအုပ်ကို ငယ်ငယ်တုန်းက ဖတ်ဖူးတယ်။ တောင်ပြုံးက နတ်ကတော်တွေအကြောင်းဆိုတာရယ် ၊ နတ်ကတော်ကြီးက အတင်းခွဲလို့ သူလင်တော်ထားတဲ့ကောင်လေးနဲ့ လိုက်တောင်းစားရတဲ့ ကောင်မလေး ကွဲသွားရတယ်ဆိုပြီး မှတ်မိနေတာ။ အဲ့တုန်းက နတ်ကတော်ကြီးကို နားမလည်နိုင်ခဲ့ဘူး။ အမြင်တောင် နည်းနည်းကပ်ခဲ့သေးတယ်။

ဒီတခေါက်ဖတ်တော့မှ ဘယ်သူ့ကိုအမြင်ကပ်ရမယ်မှန်းမသိဘူး။ 🥴 ဒေစီဂျိန်းကို ပိုနားလည်ပေးနိုင်လာတယ်။ ကိုယ့်မှာ သူနဲ့လိုက်ပြီး ပူလောင်ရ၊ ဒေါသထွက်ရတာ။ မင်းမင်းကလည်း အမြင်ကပ်စရာကောင်းပေမဲ့ သူ့ဘက်ကကြည့်တော့လည်း အမှန်ပဲ။ ဒီစာအုပ်ထဲမှာ လူဆိုးမရှိဘူး။ ဘယ်သူ့ဘက်ကကြည့်ကြည့် မှန်နေတာမို့လို့။ ပန်းညိုလေးကတော့ သနားစရာကောင်းပါတယ်။ နတ်ကတော်တွေ (လှသူဇာမေ၊ ငွေခင်၊ လက်ကောက်မ၊ သင်းကြိုင်၊ နတ်မောင်သခင်) အကြောင်းကို စုံနေအောင်ကိုရေးထားတာ။

စာအုပ်တစ်အုပ်လုံးက လောဘတွေ၊ မောဟတွေ၊ ဒေါသတွေ အပြည့်ပဲ။ လူ့လောကမှာ ဖြစ်ပျက်နေတာတွေကို စိတ်ပျက်စရာ၊ ရွံစရာကောင်းလောက်အောင် ရေးထားပေမဲ့ ဇာတ်ကလူကို အရမ်းဆွဲဆောင်တော့ ပြီးအောင်ဖတ်မိတယ်။

တောင်ပြုံးကို ၂ ခါလားမသိဘူး ရောက်ဖူးတယ်။ နတ်ပွဲတွေအစုံရောက်ဖူးတော့ နည်းနည်းတောင် ရောနေပြီ။ စာအုပ်ဖတ်ပြီးမှ တောင်ပြုံးပွဲကို နောက်တစ်ခေါက်တောင် သွားချင်လာတယ်။

“ဒီနေ့အထိ တောင်ပြုန်းပွဲကြီးဟာ တစ်နှစ်ထက်တစ်နှစ် စည်ကား၊ စည်ကားလာနေတယ်။ နတ်ကိုးကွယ်သူတွေ များများလာတယ်။ အဲဒါဘာကြောင့်လဲ။ လူဆိုတာ ကိုယ့်ဘဝ လူမှုရေး၊ စီးပွါးရေး အဆင်မပြေတော့ဘူးဆိုရင် ကိုးကွယ် တိုင်တည်ရာ သိပ်ရှာချင်တဲ့ လူစားမျိုးမဟုတ်ဘူးလား။”

#ပြုံး၍လည်းကန်တော့ခံတော်မူပါရယ်၍လည်းကန်တော့ခံတော်မူပါ #နုနုရည်အင်းဝ #readingwiththinn📚 #မြန်မာစာအုပ် #chocodecember #burmesebookreview #20BOOKSBYBURMESEWOMEN
1 review
March 16, 2022
ဤစာအုပ်မှာ ဆရာမက မြန်မာနိုင်ငံမှာ ရှေးယခင်ကတည်းက ကျင်းပလာခဲ့တဲ့ တောင်ပြုန်းပွဲအကြောင်း၊ တောင်ပြုန်းပွဲရဲ့ သမိုင်းအကျဉ်း၊ တောင်ပြုန်းရိုးရာ၊ တောင်ပြုန်းပွဲတော်ဟာ ယဉ်ကျေးမှုအစဉ်အလာတခုအဖြစ်ဖြစ်ပေါ်လာပုံ စသည်တို့အပြင် တောင်ပြုန်းပွဲအတွင်းတွင် နတ်ကတော်တို့ မည်သို့နေရာယူရပုံ၊ သာမာန်ပြည်သူတို့၏နတ်ကတော်အပေါ်ယုံကြည်ကိုးစားမှု၊ နတ်ရိုးရာ စသည်တို့ကို မြင်တွေ့ရှုစားရမည်ဖြစ်ပါသည်။

ဤစာအုပ်တွင် နတ်ကတော် ဒေစီဂျိန်း ခေါ် ဥ◌ီးဘစီ အကြောင်းကို ဇာတ်အိမ်တည်ထားပြီး နတ်ကတော်တယောက်၏ဘဝကို ဒေစီဂျိန်းဇာတ်လမ်းကို အရင်းခံပြီးတွေ့မြင်ရမှာဖြစ်ပါသည်။ ဒေစီဂျိန်းတွင် အကူလုပ်ဖော်ကိုင်ဖက် မင်းမင်းဆိုသော ကောင်လေးတစ်ယောက်ရှိပါသည်။ ဒေစီဂျိန်းအနေနဲ့မင်းမင်းကို ငယ်ငယ်ကတည်းက သူ့အမေဆီမှ ဝယ်ယူသည့်သဘောမျိုးခေါ်ထားပြီး အဆင်အယင်များကို ဆင်ထားခဲ့ပါသည်။ အချိန်တွေကြားမြင့်လာပြီးနောက် ဒေစီဂျိန်းဟာ မင်းမင်းအပေါ် ခံစားချက်အချို့ရှိသော်လည်း မင်းမင်းက ဒေစီဂျိန်းအပေါ်သံယောစဉ်ဆိုသည်မှ လွဲ၍ အခြားမရှိသောကြောင့် သူတို့ကြားက ကြုံတွေ့ရမည့်ပြဿနာများကို တွေ့မြင်ရမည်ဖြစ်ပါသည်။
3 reviews
June 22, 2022
This book is kind of historical and classical book. It includes so many ancient words and their Burmese tradition is really interesting. But since this book is like a classical book, some of the words and thoughts are different to understand for youths and beginners to read.
Displaying 1 - 3 of 3 reviews

Can't find what you're looking for?

Get help and learn more about the design.