Jump to ratings and reviews
Rate this book

ရာဇဓိရာဇ် အရေးတော်ပုံကျမ်း

Rate this book
ဒေါက်တာနိုင်ပန်းလှသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးရှိ ပတ်လတ်ကျေးရွာမှ တွေ့ရှိရသည့် မွန်ပေမူကို အခြေပြု၍ မွန်နှင့်မြန်မာပေမူများ၊ ဦးကုလားရာဇဝင်၊ မှန်နန်းရာဇဝင်တို့နှင့် တိုက်ဆိုင်စစ်ဆေးကာ “ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း” ကို ပြုစုခဲ့ရာ နောက်အကျဆုံးနှင့် အပြည့်စုံဆုံး ကျမ်းအဖြစ် ထင်ရှားသည်။

ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို ၁၉၅၈ ခုနှစ်တွင် မွန်ဘာသာဖြင့် ရှင်းလင်းချက်များနှင့်တကွ မြန်မာနိုင်ငံ သုတေသနအသင်းမှ ထုတ်ဝေခဲ့သည်။ နောင် ဆယ်နှစ် အကြာတွင်မှ မြန်မာဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည်။

406 pages, Paperback

First published September 1, 1968

6 people are currently reading
87 people want to read

About the author

ဒေါက်တာနိုင်ပန်းလှကို ၁၂၈၄ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ အင်္ဂါနေ့ ( ၂၀-၃-၂၉၂၃) တွင် မွန်ပြည်နယ် ဂျိုင်းမြစ်ကမ်းပေါ်ရှိ ကော့ဗိန်း (အိုးသည်ကုန်း) ရွာ၌ ရွာသူကြီး ဦးကြွနှင့် ဒေါ်ချိုတို့မှ ဖွားမြင်သည်။ မွေးချင်း ၇ ဦးအနက် စတုတ္ထမြောက် သား ဖြစ်သည်။

ဆရာကြီးသည် မှေးမှိန်စပြုလာသော မွန်ဘာသာစကားနှင့် မွန်ယဥ်ကျေးမှုကို ပြန်လည်ထုတ်ဖော်အရောင်တင်ပေးခဲ့သူအဖြစ် အထူးထင်ရှားပြီး The Nation သတင်းစာက "မွန်ဘာသာ စကားကို ကယ်တင်သူ" ဟူ၍ ရည်ညွှန်း ဖော်ပြခဲ့သည်။ ဒေါက်တာနိုင်ပန်းလှသည် ဂျပန်မှ ပြန်ရောက်ချိန်မှစ၍ ခေတ်ဟောင်းနှင့် ခေတ်သစ် မွန်ကျောက်စာနှင့် စာပေကို ရန်ကုန်မြို့တွင် သင်ကြားပို့ချခဲ့ပြီး မွန်ပညာရှင် မျိုးဆက်သစ်များကိုလည်း မွေးထုတ်ပေးခဲ့သည်။

ဒေါက်တာနိုင်ပန်းလှသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးရှိ ပတ်လတ်ကျေးရွာမှ တွေ့ရှိရသည့် မွန်ပေမူကို အခြေပြု၍ မွန်နှင့်မြန်မာပေမူများ၊ ဦးကုလားရာဇဝင်၊ မှန်နန်းရာဇဝင်တို့နှင့် တိုက်ဆိုင်စစ်ဆေးကာ “ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း” ကို ပြုစုခဲ့ရာ နောက်အကျဆုံးနှင့် အပြည့်စုံဆုံး ကျမ်းအဖြစ် ထင်ရှားသည်။ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို ၁၉၅၈ ခုနှစ်တွင် မွန်ဘာသာဖြင့် ရှင်းလင်းချက်များနှင့်တကွ မြန်မာနိုင်ငံ သုတေသနအသင်းမှ ထုတ်ဝေခဲ့သည်။ နောင်ဆယ်နှစ်အကြာတွင်မှ မြန်မာဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည်။

ဒေါက်တာ နိုင်ပန်းလှသည် ရန်ကုန်မြို့၌ ၂၀၁၀ ဇွန်လ ၁၈ ရက်နေ့တွင် လေဖြတ်ထားသည့်ဒဏ်ဖြင့် ကွယ်လွန် သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ် ရှိပြီဖြစ်သည်။

Ratings & Reviews

What do you think?
Rate this book

Friends & Following

Create a free account to discover what your friends think of this book!

Community Reviews

5 stars
9 (56%)
4 stars
5 (31%)
3 stars
1 (6%)
2 stars
1 (6%)
1 star
0 (0%)
Displaying 1 of 1 review
154 reviews1 follower
April 14, 2023
An interesting historical novel that was written hundreds of years ago.

I say novel because I am not sure all of the events in the book is factually accurate).

The book is about Razadarit and the rise of Mons in Myanmar ( perhaps the second time? )

Definitely worth reading for those from Myanmar.
Displaying 1 of 1 review

Can't find what you're looking for?

Get help and learn more about the design.